ရထားလမ်းလုပ်ငန်း

February 7, 2019

ရထားလမ်း ဖက်စပ်ဆောင်ရွက်မည့် ဂျာမနီနှင့် ပြင်သစ်ကုမ္ပဏီတို့၏ အစီအစဉ် အီးယူ ပယ်ချ

ဂျာမန်ကုမ္ပဏီ ဆီးမန်းစ်နဲ့ ပြင်သစ်ကုမ္ပဏီ အယ်စတွမ်တို့ရဲ့ ရထားလမ်းလုပ်ငန်း ဖက်စပ်ဆောင်ရွက်မယ့် အစီအစဉ်ကို အီးယူ လုပ်ငန်းလက်ဝါးကြီးအုပ်မှု တားဆီးရေးအဖွဲ့က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ အီးယူ ဈေးကွက်ယှဉ်ပြိုင်မှု ကော်မရှင်နာက ကုမ္ပဏီနှစ်ခု ဖက်စပ်ဆောင်ရွက်မယ့် အစီအစဉ်ဟာ မြောက်မြားစွာသော အရေးပါတဲ့ ဈေးကွက်တွေနဲ့ မြန်နှုန်းမြင့်ရထားတွေအတွက် ယှဉ်ပြိုင်မှုကို သိသိသာသာ ကျဆင်းစေတယ်လို့ ပြောပါတယ်။ ဆီးမန်းစ်နဲ့ အယ်စတွမ်တို့ဟာ တရုတ်နိုင်ငံပိုင် ရထားလုပ်ငန်း CRRC Corp ကို ထိထိရောက်ရောက် ယှဉ်ပြိုင်လိုတာမို့ ဖက်စပ်လုပ်ကိုင်လိုတာ ဖြစ်ပါတယ်။ အဲဒီလို ဖက်စပ်လုပ်ကိုင်တာကို ဂျာမနီနဲ့ ပြင်သစ်အစိုးရတွေကလည်း ထောက်ခံပါတယ်။ ဒါပေမယ့်လည်း အီးယူကော်မရှင်နာက ဆီးမန်းစ်နဲ့ အယ်စတွမ်တို့ရဲ့ ဖက်စပ်လုပ်ငန်းဟာ ဈေးနှုန်းကြီးမြင့်စေပြီး ရွေးချယ်မှုနဲ့ ဆန်းသစ်မှုကို နည်းပါးစေလိမ့်မယ်လို့ ပြောပါတယ်။ ဒ့ါအပြင် ဒီဖက်စပ်လုပ်ငန်းဟာ ယှဉ်ပြိုင်မှု ပြဿနာတွေကို နည်းမှန်လမ်းမှန် ဖြေရှင်းတာ မရှိဘူးလို့လည်း သူက ထောက်ပြပြောဆိုခဲ့ပါတယ်။
2 years Ago
Up