အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပေါ့တလန်မြို့မှာ ရာသီဥတုအေးခဲပြီး ဆီးနှင်းထူထပ်စွာ ကျဆင်းတာကြောင့် ဇန်န၀ါရီ ၁၃ ရက်က ရထားတစီး လမ်းချော်ကျခဲ့တယ်လို့ သိရပါတယ်။
ဆီးနှင်း ထူထပ်စွာကျဆင်းပြီးတဲ့နောက် နေ့အပူချိန်ဟာ ရေခဲမှတ်အောက်ကို ကျရာက်ခဲ့ပါတယ်။ ဒီအတွက် ရထားသံလမ်းပေါ်ရေခဲပြီး မြို့ပတ်ရထားတစီး လမ်းချော်ခဲ့တာဖြစ်ပါတယ်။
အလားတူ ဇန်န၀ါရီ ၁၂ ရက်ကလည်း အော်ရီဂွန်ပြည်နယ် ဘန်းမြို့မှာ ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် အနှစ် ၇၀ ကျော်က ဆောက်ထားတဲ့ မူလတန်းကျောင်းတကျောင်းရဲ့ အားကစားရုံ ခေါင်မိုးပြိုကျခဲ့ပါတယ်။
အဲဒီအတွက်ကြောင့် စာသင်ကျောင်းတချို့ကို ယာယီိပိတ်လိုက်ရတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။
6 years Ago