အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား ပြေးဆွဲနေတဲ့ ဆမ်ဂျော့တာ ရထားလုပ်ငန်းဟာ နှစ်နိုင်ငံ ပဋိပက္ခတွေအတွင်း လုပ်ငန်းရပ်ဆိုင်းထားရာက မတ်လ ၃ ရက်ကစပြီး ခရီးစဉ်တွေကို ပြန်ပြေးဆွဲနေပါတယ်။
ပါကစ္စတန်အစိုးရက ဖမ်းထားတဲ့ အိန္ဒိယလေယာဉ်မှူးကို ပြန်လွှတ်ပေးအပြီးမှာ ရထားပြေးဆွဲမှု ပြန်စမယ်လို့ ကြေညာခဲ့တာပါ။
ဒီရထားဟာ ဒေလီမြို့တော်ကနေ အတ်တာရီမြို့အထိနဲ့ ပါကစ္စတန်ဘက် လာဟိုးမြို့ကနေ ဝါဂါမြို့ထိ တပတ်ကို နှစ်ကြိမ် ပုံမှန်ပြေးဆွဲပါတယ်။
အရင်လက ပါဝါမာဒေသမှာ အိန္ဒိယတပ်ထိန်းရဲ အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲမှုအပြီး ဆက်ဆံရေး တင်းမာနေချိန်တည်းက ရထားစီးခရီးသည် အရေအတွက် လျော့ကျခဲ့တာပါ။
ပါကစ္စတန်အခြေစိုက် ဂျိုက်ရှီ မိုဟာမက်ဒ် စစ်သွေးကြွအဖွဲ့က တိုက်ခိုက်တာလို့ အိန္ဒိယအစိုးရက အပြစ်တင် ပြောဆိုပါတယ်။
အငြင်းပွား ကက်ရှ်မီးယားဒေသမှာ အရင်အပတ်က လေကြောင်းတိုက်ခိုက်မှုအတွင်း နျူကလီးယား လက်နက်ရှင် အိမ်နီးချင်း ပါကစ္စတန်နဲ့ အိန္ဒိယစစ်တပ်တို့ဟာ လေကြောင်းကနေ အပြန်အလှန် ဗုံးကြဲခဲ့ကြပါတယ်။
4 years Ago