ရထား

A d v e r t i s e m e n t With Us

February 20, 2021

ဧရာဝတီတိုင်းအတွင်း ရထားပြန်ဆွဲရန် CDM တွင်ပါဝင်သူ ဝန်ထမ်းများကို ဖိအားပေး

စစ်အာဏာသိမ်းပြီး နောက်ရက်ကစလို့ CDM မှာ ပူးပေါင်းပါဝင်ခဲ့တာကြောင့် ရပ်တန့်ထားရတဲ့ ရထားခရီးစဉ် ပြန်ပြေးဆွဲနိုင်ဖို့ ဧရာဝတီတိုင်း မီးရထားဝန်ထမ်းတွေ အလုပ်ပြန်လုပ်ဖို့ ဖိအားပေးခံနေရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်ကစလို့ တိုင်းအတွင်း ပြေးဆွဲနေတဲ့ မီးရထားတွေ ရပ်တန့်သွားခဲ့ကြတာပါ။

တိုင်းအတွင်း ဘူတာအချို့ကို ဧရာဝတီတိုင်းမီးရထား တိုင်း (၉) မန်နေဂျာက စာရင်းစစ်ရင်း အလုပ်ပြန်လုပ်ဖို့နဲ့ မီးရထားတွေ ပုံမှန်ပြေးဆွဲဖို့ ညှိနိုင်းဖိအားပေးနေတာဖြစ်ပါတယ်။

အင်္ဂပူမြို့နယ် ထူးကြီးမြို့ခံတစ်ဦးကတော့ "နေ့တိုင်း ၉ မန်နေဂျာလာတယ်။ စာရင်းစစ်မယ်ဆိုပြီး မီးရထားက CDM ပါတဲ့ဝန်ထမ်းတွေကို ဖိအားပေးနေလို့။ ကျနော်တို့က လူငယ်တွေစုပြီး ဘူတာမှာ ဝန်ထမ်းတွေရော၊ မန်နေဂျာပါ CDM မှာ ပါဝင်ပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်" လို့ ပြောပါတယ်။

ဟင်္သာတမြို့ မီးရထားဝန်းထဲမှာရှိတဲ့ CDM မှာ ပါဝင်တဲ့ မီးရထားဝန်ထမ်းတွေရဲ့ စားဝတ်နေရေးအဆင်ပြေဖို့ ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး မြို့တွင်းစေတနာရှင်တွေ ပရဟိတသမား တွေက ဆန်ဆီဆားအစရှိတဲ့စားသောက်ကုန်တွေကို လှူဒါန်းနေကြပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ပုသိမ်-ဟင်္သာတ-ကြံခင်းခရီးစဉ် အစုန်အဆန် စာပို့ ရထားဆိုပြီး ပြေးဆွဲနေတာပါ။ 

မီးရထားလမ်းတလျောက် ဘူတာတချို့ကတော့ ရာနူန်းပြည့် CDM မျာ ပူးပေါင်းမှု မရှိဘူးလို့ လည်း သိရပါတယ်။

2 weeks Ago

February 21, 2020

မဲလ်ဘုန်းတွင် ရထားတွဲချော်၊၂ ဦး သေဆုံး

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ပြင်မှာ ဖေဖော်ဝါရီ ၂၀ ရက်က  ရထားတစင်း တွဲချော်ခဲ့ပြီး လူ နှစ်ယောက် သေဆုံးခဲ့ပါတယ်။  ဒါ့အပြင် လူ ၁၁ ယောက် အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ ဗစ်တိုးရီးယားရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။  ရထားတွဲချော်ရာမှာ  ရထားမောင်းသူ အမျိုးသားနဲ့ ယာဉ်မှူး အမျိုးသမီးတို့ သေဆုံးခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။  ရထားဟာ ဆစ်ဒနီမြို့ကနေ ထွက်လာပြီး မဲလ်ဘုန်းနဲ့မိုင် ၃၀ အကွာ ဝေါ်လန်မြို့အနီးမှာ တွဲချော်ခဲ့တာပါ။ ရထားတွဲချော်ချိန် ရထားပေါ်မှာ ခရီးသည် ၁၅၃ ယောက် လိုက်ပါလာတယ်လို့ ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ စုံစမ်းရေးမှူးက ပြောခဲ့ပါတယ်။  ဒဏ်ရာရသူ ၁ ယောက်ကို ရဟတ်ယာဉ်နဲ့ မဲလ်ဘုန်းဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် ၄ ယောက်ကိုတော့ ဒုတိယဆေးရုံကို ပို့ခဲ့တယ်လို့ ဗစ်တိုးရီးယားလူနာတင်ယာဉ် ဝန်ဆောင်မှုကေ ပြောခဲ့ပါတယ်။  ဒဏ်ရာရသူတွေရဲ့ အခြေအနေ တည်ငြိမ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
More News
Up