ကိုလံဘီယာနိုင်ငံမှာ အခြေစိုက်ပြီး လက်တင်အမေရိကတလွှားမှာ ကုန်စည်တွေ၊ စာတွေကို ပို့ဆောင်ပေးနေတဲ့ အမြန်ချောပို့လုပ်ငန်း ရတ်ပီက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အိမ်တွင်းအောင်းနေရသူတွေအတွက် အစားအသောက်တွေကို ဘေးကင်းကင်း ပို့ပေးဖို့ စက်ရုပ်တွေကို စမ်းသပ်သုံးစွဲလိုက်ပါတယ်။
စမ်းသပ်မှုကို ကိုလံဘီယာရဲ့ ဒုတိယအကြီးဆုံးမြို့ မယ်ဒယ်လင်မြို့မှာ ဒီသီတင်းပတ်အတွင်း စတင်ခဲ့တာပါ။ ဘီးလေးလုံးတပ် စက်ရုပ်တွေကို သူတို့ရဲ့ အာရုံခံစနစ်ပေါ်က လိမ္မော်ရောင် အလံတွေနဲ့ တန်ဆာဆင်ထားပါတယ်။
ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေပြီးသား စားသောက်ဆိုင် အမှာစာတွေကို သယ်ပို့ပေးရာမှာ သူတို့ကို သုံးပါတယ်။
စက်ရုပ်တွေကို တခါသုံးတိုင်း မသုံးခင်နဲ့ သုံးပြီးချိန်တွေမှာ ပိုးသတ်ထားတယ်လို့ ရတ်ပီက ကြာသပတေးညမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
စက်ရုပ်တွေနဲ့ လုပ်ငန်းလည်ပတ်ရာမှာ ရတ်ပီနဲ့ အမေရိကန် အခြေစိုက် ကီဝီဘော့ထ်တို့က ပူးတွဲဆောင်ရွက်နေပါတယ်။
11 months Ago