မလေးရှားနိုင်ငံမှာ ရတနာဆိုင်တဆိုင်အတွင်း မှန်ပုံးတွေကို တူတွေနဲ့ ထုခွဲပြီး ရတနာတွေကို ခိုးယူဖို့ ကြိုးစားခဲ့ကြတဲ့ ဓားပြတွေရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာ မျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို ရတနာဆိုင်တွင်းတပ်ဆင်ထားခဲ့တဲ့ စီစီတီဗွီ ကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဇူလိုင်လ ၂၅ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဓားပြအမျိုးသား ၄ ဦးဟာ ရတနာဆိုင်တွင်းမှ လက်ဝတ်ရ တနာတွေထည့်သွင်းထားတဲ့ မှန်ပုံးကို တူတွေနဲ့ ထုခွဲဖို့ ကြိုးစားနေခဲ့ကြတာကို တွေ့ရပါတယ်။
ဒါပေမယ့် မာလွန်းတဲ့ မှန်သားကို ထုခွဲလို့မရခဲ့ပဲ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ ကြပြီးနောက်မှာတော့ သူတို့ဟာ လက်လျှော့ခဲ့ရပြီး ထွက်ပြေးသွားခဲ့ကြတာပါ။
ရှားအလမ်းမြို့မှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ ပိုလီကာဗွန်နိတ်အုပ်ထားတဲ့ မှန်ပုံး တွေကြောင့် ဘာမှပါမသွားခဲ့တာလို့ သတင်းက ဆိုပါတယ်။
ဓားပြတွေဟာ ဆိုင်ကယ်တွေနဲ့ လာခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ မျက်နှာတွေကို ဆိုင် ကယ်စီးဦးထုပ်တွေနဲ့ ဖုံးကွယ်ထားခဲ့ကြတာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ရတနာဆိုင်ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက် နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ၃ သန်းခွဲကျော်ခဲ့ပြီဖြစ်ကာ ပြန်လည်မျှဝေသူ ၄ ထောင်နီးပါး ရှိခဲ့တာပါ။
အဲဒီစာမျက်နှာပေါ်မှာ ရတနာဆိုင်ဝန်ထမ်းတဦးက “ကျမတို့ ဆိုင်တွင်းပျက်စီးမှုတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ၂ ပတ်လောက်ဆိုင်ကို ပိတ်ထားမှာပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း ပြန်ဖွင့်သွားမှာပါ”လို့ ရေးခဲ့ပါတယ်။
6 years Ago