ရတနာပုံ တက္ကသိုလ်ကျောင်းသားများ ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်

May 13, 2019

ရတနာပုံ တက္ကသိုလ်ကျောင်းသားများ ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်

အဝေးသင်ပညာရေးစနစ်သစ်ဟာ ကျောင်းသားတွေ ကျောင်းတက်ရာမှာ အခက်ခဲ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ရတနာပုံတက္ကသိုလ် အဝေးသင်ကျောင်းသားတွေနဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပြီး ဖဲကြိုးနီ ကမ်ပိန်းပြုလုပ် ကန့်ကွက်ခဲ့ကြပါတယ်။ ပထမနှစ်အဝေးသင်ကျောင်းသားသူရိန်မိုးက “ကျနော်တို့ အဝေးသင်ကျောင်းသားတွေကို orentation ၅ ရက်နဲ့ အနီးကပ် ၅ ရက် တက်ခိုင်းဟာ ကျောင်းသားထုအတွက် အဆင်မပြေဘူး။ ဒါကြောင့် အခုလို ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ခြင်းဖြစ်တယ်။ အဝေးသင်အားလုံးက ကျောင်းတက်ရင်းအလုပ် လုပ်ကြတဲ့သူတွေများတယ်။ အစိုးရဝန်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေလည်းရှိတယ်။ ဒါကြောင့် အခုပြောင်းလဲ ထုတ်ပြန်လိုက်တဲ့ အဝေးသင်ပညာရေး စနစ်သစ် ကြေညာချက်ဟာ အဆောင်ငှားစရိတ်တွေ ကျူရှင်စရိတ်တွေ သွားလာရေးနဲ့နေထိုင် စားသောက်စရိတ်တွေ အခက်အခဲရှိလာမှာမို့ အခုလို ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်ကြတာပါ”လို့ ဥပဒေ ပြောပါတယ်။ အဝေးသင်ပညာရေးစနစ်သစ်ကြေညာချက်ကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာရေး ဦးစီးဌာနက မေလ ၉ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2 years Ago
Up