ရတနာပုံနည်းပညာတက္ကသိုလ်ကျောင်းသား အသတ်​ခံရမှု စတင်​ရုံးထုတ်​စစ်ဆေး

January 8, 2019

ရတနာပုံနည်းပညာတက္ကသိုလ်ကျောင်းသား အသတ်​ခံရမှု စတင်​ရုံးထုတ်​စစ်ဆေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဆိုင်ဘာစီးတီးမြို့သစ် မီးသတ်စခန်းနားမှာ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ကျောင်းသားတဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရသူ  ၄ ဦးကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ်​ စတင်​ရုံးထုတ်​ပါတယ်​။ နည်းပညာတက္ကသိုလ်မှာ  အိုင်စီတီ မေဂျာ ဒုတိယနှစ် ပညာသင်ယူနေတဲ့ ကိုထက်လင်းသန့်ကို ဒီဇင်ဘာ ၆ ရက် ညနေပိုင်းမှာ လူတစုက ရိုက်နှက်ပြီး ဆိုင်ကယ် လုယက်ခဲ့တဲ့အတွက်​  နေရာမှာ သေဆုံးသွားခဲ့ပါတယ်​။ ဒီဇင်ဘာ ၁၀ ရက်မှာတော့ ရိုက်​နှက်​သတ်​ဖြတ်​မှုနဲ့ လူ ၃ ဦးကို စတင်​ဖမ်​ဆီးရမိခဲ့ကာ အခြားတ​ဦးကိုလည်း လုယက်ပြီးရိုက်နှက်ခဲ့တဲ့ သက်​​သေခံပစ္စည်းတွေ၊ ​​​​​​​​မော်​​တော်​ဆိုင်​ကယ်​နဲ့ အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်​။ ဒီအမှုကို ပြင်​ဦးလွင်​ခရိုင်​တရားရုံးက ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၉၆/၃၉၇ တို့နဲ့ အမှုကို လက်​ခံလိုက်​​ပြီး ဇန်နဝါရီ ၁၅ ရက် ရုံးချိန်းကာ တရားလိုနဲ့ တရားလိုပြသက်သေတွေကို စစ်ဆေးသွားဖို့ ရှိပါတယ်​။ ဒီအမှုမှာ ကျူးလွန်​သူ ၅ ဦးပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့​ပေမယ့် တဦးက ထွက်​​ပြေးတိမ်းရှောင်​​​နေ​သေးတာ​ကြောင့် လေးဦးကိုသာ တရားရုံးမှာ စတင်​​ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up