ရတနာပစ္စည်းခိုး

July 20, 2017

ကမ္ဘာပတ်ပြီး ရတနာပစ္စည်းခိုးသည့် ၈၆ နှစ်အရွယ် အဖွားအို အမှုရင်ဆိုင်နေရ

ကမ္ဘာပတ်ပြီး ရတနာပစ္စည်းတွေခိုးတဲ့ အသက် ၈၆ နှစ်အရွယ် အဖွားအိုကို နောက်ထပ်ပစ္စည်းခိုးမှုနဲ့ ဇူလိုင် ၁၈ ရက်နေ့က တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။ ဒီတကြိမ်ကျူးလွန်တဲ့ ခိုးမှုက ဂျော်ဂျီယာပြည်နယ် ချန်ဘလီမှာရှိတဲ့ ဝေါလ်မတ် စတိုးဆိုင်ကနေ အမေရိကန်ဒေါ်လာ ၈၀ တန်ဖိုးရှိတဲ့ပစ္စည်း ခိုးခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒေါရစ်ပိန်းလို့ခေါ်တဲ့ အဲဒီအဖွားအိုဟာ ဝေါလ်မတ်စတိုးဆိုင်က ဆေးပစ္စည်း၊ အီလက်ထရောနစ်နဲ့ ကုန်စုံဆိုင် ကောင်တာတွေကနေ ပစ္စည်းခိုးခဲ့တာ ဖြစ်ပါတယ်။ အန်ဘီစီသတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီအဖွားအိုဟာ ၂၀၁၃ ခုနှစ်က သူ့ဘဝဇာတ်ကြောင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးခံထားရတဲ့ နာမည်ကြီး သူခိုးတဦး ဖြစ်ပါတယ်။ “ဒေါရစ်ပိန်း ဘဝနဲ့ ပြစ်မှုများ” လို့ နာမည်ပေးထားတဲ့ အဖွားအိုရဲ့ မှတ်တမ်းရုပ်ရှင်မှာ နှစ်ပေါင်း ၆၀ ကျာ် ရတနာခိုးသူအဖြစ် နေထိုင်ခဲ့ပုံ၊ အမေရိကန်ဒေါ်လာ ၂ သန်းကော်ျရခဲ့တဲ့ သူ့ရဲ့ သူခိုးလုပ်ငန်း အကြောင်းတွေကို ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်မှာ ကမ္ဘာကျော် ရတနာကုမ္ပဏီကြီးတွေဖြစ်တဲ့ ကာတီးယား (Cartier)၊ တစ်ဖ်နီ (Tiffany) တို့ကနေ သူဘယ်လိုခိုးယူခဲ့ပုံ၊ ပြင်သစ်နိုင်ငံ မိုနာကိုက မွန်တေးကာလို အပန်းဖြေစခန်းကနေ ဂျပန်နိုင်ငံထိ သွားရောက်ပြီး ဘယ်လိုခိုးယူခဲ့သလဲဆိုတဲ့ အကြောင်းတွေကို ရိုက်ကူးပြထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up