ရတနာဆိုင်

December 1, 2018

ရတနာဆိုင်ဓားပြတိုက်သူများကို ၀န်ထမ်းများက ဓားဖြင့် ပြန်တိုက်ခိုက် (ရုပ်သံ)

ကနေဒါနိုင်ငံက ရတနာဆိုင်တခုကို  ဓားပြတိုက်ဖို့ ကြိုးပမ်းသူတွေကို ဆိုင်ဝန်ထမ်းတွေက ဓားတွေနဲ့ ပြန်လည်ခြိမ်းခြောက် တိုက်ခိုက်ခဲ့တာကြောင့် ဓားပြတိုက်မှု မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့က အွန်တေရီယိုပြည်နယ် မစ္စစ်ဆာဂါမြို့ရှိ “အာရွှတ်” ရတနာဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြတိုက်ခိုက် ကြိုးပမ်းခဲ့တာပါ။ ရုပ်သံမှာတော့ ဓားပြတိုက်မယ့်သူတွေဟာ ဆိုင်ရဲ့ မှန်ကိုခွဲပြီး အထဲဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြတာကို ဆိုင်ဝန်ထမ်းတွေက ဓားတွေနဲ့ ပြန်တိုက်ခိုက်တာကြောင့် ခဏအကြာမှာ ဓားပြတွေ နောက်ဆုတ်သွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီ ဆိုင်ဝန်ထမ်းတွေ တိုက်ခိုက်ခဲ့တဲ့ ဓားတွေဟာ အလှဆင် ဓားတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း ပီးလ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောပါတယ်။
2 years Ago

October 1, 2017

ရတနာဆိုင် ဓားပြတိုက်သူများကို SWAT အဖွဲ့ ဖမ်းဆီး (ရုပ်သံ)

ကျောက်မျက်ရတနာဆိုင်ကို လူ ၃ ဦး ဓားပြတိုက်နေတုန်း SWAT အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း စိန့်ပီတာစဘာ့ဂ်မြို့ရှိ ကျောက်မျက်ရတနာဆိုင်မှ ပစ္စည်းတွေကို ဓားပြ ၃ ဦးက စတင်ခိုးယူနေတာကို စောင့်ကြည့်ကင်မရာမှ ဖမ်းယူရိုက်ကူးမိခဲ့တာပါ။ ဓားပြတွေက ဇိုလိုတွိုင်းကျောက်မျက်ဆိုင်ထဲ ဝင်လာပြီး ကြမ်းပြင်ပေါ်မှာ လုံခြုံရေးဝန်ထမ်းကို လဲကျသွားအောင် တိုက်ခိုက်ထားပါတယ်။ လုံခြုံရေးဝန်ထမ်းက အတော်အတန် တည်တည်ငြိမ်ငြိမ်ရှိနေပြီး SWAT အဖွဲ့ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတာ သိပုံရတယ်လို့ ဆိုပါတယ်။ ဓားပြ ၃ ဦး ကျောက်မျက်ရတနာတွေကို အိတ်ထဲထည့်စဉ် လက်နက်ကိုင် တပ်သား ၆ ဦး ရုတ်တရက်ဝင်လာပြီး ရာဇဝတ်သားတွေကို ဖမ်းဆီးလိုက်တာပါ။ ဒီကျောက်မျက်ရတနာဆိုင် ဓားပြတိုက်ခိုက်ခံရတာက တလတည်းမှာပဲ အခုအကြိမ်က ၂ ကြိမ်မြောက်ဖြစ်ပြီး ယခင်ဓားပြတိုက်မှုရဲ့ နောက်ကွယ်က ဓားပြဂိုဏ်း တဂိုဏ်းတည်းဖြစ်မယ်လို့ ယူဆနေကြပါတယ်။ ဆိုင်ထဲက ဓားပြ ၃ ဦးအပြင် ဂိတ်ဝမှ ကားသမားကိုလည်း အပြင်မှာ ဖမ်းဆီးလိုက်ပြီး သူတို့အားလုံး ထောင်ဒဏ် ၁၀ နှစ် ကျခံဖို့ အမှုရင်ဆိုင်နေရတယ်လို့ မေရာသတင်းမှာ စက်တင်ဘာလ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up