ရည်မှန်

A d v e r t i s e m e n t With Us

June 11, 2020

ကစားသမားဘဝအနားယူပြီးပါက အားကစားဒါရိုက်တာလုပ်ရန် ရည်မှန်းထားဟု ကာဇိုလာပြော

ကစားသမားဘဝကနေ အနားယူခဲ့ပါက နည်းပြတဦးထက် အားကစားဒါရိုက်တာတဦး ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ကာဇိုလာကပြောပါတယ်။  ဗီလာရီးယဲလ်မှာ ကစားနေတဲ့ စပိန်ကွင်းလယ်လူ ကာဇိုလာဟာ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။  အာဆင်နယ်အသင်းမှာ ၆ နှစ်ကြာ ကစားခဲ့တဲ့ ကာဇိုလာဟာ နည်းပြအာတီတာရဲ့ လက်ထောက်နည်းပြ ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေတာပါ။  ကာဇိုလာကတော့ ကစားသမားဘဝကနေ အနားယူပြီးရင် နည်းပြဖြစ်လာနိုင်ပေမယ့် အားကစားဒါရိုက်တာတဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် ပိုပြီး မြင်ယောင်မိတယ်လို့ ပြောပါတယ်။  ရာသီအကုန်မှာ အနားယူမလားဆိုတာ မဆုံးဖြတ်ရသေးဘဲ လက်ကျန်ပွဲတွေအပေါ် အာရုံစိုက်ထားမယ်လို့လည်း ကာဇိုလာကပြောပါတယ်။  အသက် ၃၅ နှစ်ရှိ ကွင်းလယ်ကစားသမား ကာဇိုလာဟာ အခုနှစ်ရာသီမှာ ဗီလာရီးရဲလ်အတွက် ၂၉ ပွဲကစားပြီး ၁၂ ဂိုး သွင်းယူပေးထားပါတယ်။
9 months Ago
Up