ရည်းစားနဲ့အတူ သြဂုတ်လကတည်းက ပျောက်နေတယ်လို့ တိုင်ကြားခံထားရတဲ့ အမျိုးသမီးတဦးကို အမေရိကန်နိုင်ငံ တောင်ကယ်လီဖိုးနီးယား ပြည်နယ် စပါတန်ဘာ့ဂ်မြို့ထဲက ကုန်သေတ္တာတခုထဲမှာ နိုဝင်ဘာ ၄ ရက်နေ့က ပြန်ရှာတွေ့ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူတွေက အဲဒီနေရာကို ဆက်ပြီး ရှာဖွေနေတယ်လို့ ဒေသခံ မီဒီယာ ရုပ်သံတွေက အစီရင်ခံပါတယ်။
ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ကာမဆိုင်ရာ ပြစ်မှုကျူးလွန်ဖူးကြောင်း မှတ်တမ်းရှိသူ အသက်၄၅နှစ်အရွယ် အမျိုးသားတဦးကို နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။
စပါတန်ဘာ့ဂ်မြို့နယ်ထဲက ကုန်သေတ္တာ အထဲကနေ အသံထွက်နေလို့ ရဲတွေ ရှာဖွေရာက အသက် ၃၀ အရွယ် ကာလာ ဘရောင်းကို ရှာတွေ့ခဲ့တာလို့ ဒေသခံရုပ်သံက အစီရင်ခံပါတယ်။
ဘရောင်းကို ပြန်တွေ့ချိန်မှာ သူဟာ ခွေးလို သံကြိုးခတ်ခံထားရတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး ချပ်ခ် ရိုက်ထ်က ပြောပါတယ်။
ဘရောင်းရဲ့ ရည်းစား အသက် ၃၂ နှစ်အရွယ် ချာလီ ကာဗာကို အဲဒီနေရာမှာ မတွေ့ရဘဲ ပျောက်ဆုံးနေဆဲလို့ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago