ရည်းစားဟောင်း၏ မတော်တရော်ပုံများ အွန်လိုင်းတင်ရန် ခြိမ်းခြောက်သည့် ဘုန်းကြီး အဖမ်းခံရ

June 1, 2016

ရည်းစားဟောင်း၏ မတော်တရော်ပုံများ အွန်လိုင်းတင်ရန် ခြိမ်းခြောက်သည့် ဘုန်းကြီး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်ထဲမှာ ရည်းစားဟောင်းမိန်းကလေးတဦးရဲ့ မတော်တ ရော်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင်တွေကို အွန်လိုင်းပေါ်တင်ဖို့ ခြိမ်းခြောက်ခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဘမ်ပူသောင်ဒေသမှာနေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ဆီသိဒက် မော်လီဖန် အမည်ရတဲ့ ဘုန်းကြီးဟာ ရည်းစားဟောင်းကို သူနဲ့အတူတူ နောက်တကြိမ်အိပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး မအိပ်ရင်တော့ သူ့ရဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင်တွေကို အွန်လိုင်း ပေါ်တင်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် ဂျူတာမက် ဆယ်လျူအမည်ရတဲ့ အမျိုးသမီးဟာ အဆို ပါအမျိုးသားရဲ့ ရည်းစားဟောင်းတဦးဖြစ်ကာ သူတို့ ၂ ဦးဟာ အခုနှစ်အစောပိုင်းမှာမှ လမ်းခွဲခဲ့ကြတာပါ။ အဲဒီအမျိုးသားဟာ လမ်းခွဲခဲ့ပြီးမှ ပြီးခဲ့တဲ့ ဧပြီလမှာ ဘုန်းကြီးဝတ်ခဲ့ကာ ခုလိုခြိမ်း ခြောက်မှု တွေလုပ်ခဲ့တာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ ရဲတွေဟာ အမျိုးသမီးက တိုင်ကြားခဲ့ချိန်မှာ မသိကျိုးကျွန်ပြုခဲ့ပြီး နောက်ယောင် ခံစုံစမ်းနေခဲ့တာပါ။ အမျိုးသမီးဟာ သူနဲ့တွေ့ဆုံဖို့ အယောင်ပြသွားခဲ့ချိန်မှာ ရဲတွေကို အကြောင်း ကြားခဲ့တာပါ။ အမျိုးသမီးက အဆိုပါဘုန်းကြီးကို ပထုံ-ဘန်ဘူသောင်လမ်းမပေါ်က ငှားရမ်း ထားတဲ့ ရွိင်ရယ်ပါရာဒိုက်စ်ဟိုတယ်အခန်းအမှတ် ၂၁၀ ဆီ ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး နောက်က လိုက်လာတဲ့ ရဲတွေက လက်ပူးလက်ကြပ်ဖမ်းဆီးနိုင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ သူ့ကို စစ်ဆေးမေးမြန်းဖို့အတွက် ဘုန်းကြီးကျောင်းမှာ လူ ၀တ်လဲစေခဲ့တာပါ။ ရဲတွေက စစ်ဆေးမေးမြန်းခဲ့ချိန်မှာတော့ သူက ပြစ်မှုကျူးလွန်ခဲ့တာကို ၀န်ခံပြီး သူဟာ ကွန်ပျူတာပြစ်မှုအက်ဥပဒေနဲ့အတူ အသရေပျက်စေမှုတွေနဲ့ အရေးယူခံရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up