ရည်းစားဟောင်းကားထင်ပြီး မှားယွင်းမီးရှို့ခဲ့သည့် မိန်းကလေး ဖမ်းဆီးခံရ

September 7, 2016

ရည်းစားဟောင်းကားထင်ပြီး မှားယွင်းမီးရှို့ခဲ့သည့် မိန်းကလေး ဖမ်းဆီးခံရ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတဦးဟာ သူ့ရဲ့ ရည်းစားဟောင်းကို ကလဲ့စားချေဖို့အတွက် ကားမီးရှို့ခဲ့ရာမှာ တခြားကားတစီးကို မှားယွင်းမီးရှို့ခဲ့မိတယ်လို့ ရဲတွေက ပြောပါတယ်။ ကာမန် ချန်ဘလီ အမည်ရတဲ့ အဆိုပါမိန်းကလေးဟာ ကားတွင်းမှာ ဓာတ်ဆီပုံးကို ထားခဲ့ပြီး ဒုတိယအဆင့်မီးရှို့မှုပြစ်ဒဏ်နဲ့ ခုသီတင်းပတ်အတွင်းက ဖမ်းဆီးခံခဲ့ရတာပါ။ စီစီတီဗွီကင်မရာထဲမှာတော့ အဲဒီမိန်းကလေးကို ကားအနောက်ပိုင်း မီးတောက်မီးလျှံတွေကြားမှာ တွေ့ရှိခဲ့ရတာလို့ အေဘီစီအက်ရှင်နယူးစ်မှာ ဖော်ပြပါတယ်။ ကားပိုင်ရှင် သောမတ်စ် ဂျန်နင်းစ်ဟာ အခန်းဖော်နဲ့အတူ သွားရောက်ပြီး ရေပုံးတွေနဲ့ မီးငြှိမ်းသတ်ခဲ့ပေမယ့် မီးဟာ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။ ချန်ဘလီက အဲဒီကားကို ရည်းစားဟောင်းရဲ့ကားလို့ ထင်ခဲ့မိကြောင်း ရဲတွေကို ပြောလိုက်တာပါ။ ဂျန်နင်းစ်ကတော့ ခုလိုစိတ်ကူးနဲ့ မိန်းကလေးမျိုး သူ့ဘ၀တလျှောက် မတွေ့ခဲ့ဖူးဘူးလို့ ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ ချန်ဘလီကို ပိုင်းလက်စ်နယ်မြေတရားရုံးကို ခေါ်ဆောင်သွားပြီး စစ်ဆေးအရေးယူသွားဖို့ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up