ရစ်ဇစ်ရှီဟတ်

December 13, 2020

ကိုဗစ်စည်းကမ်း ချိုးဖောက်မှုဖြင့် အင်ဒိုနီးရှား ဘာသာရေးခေါင်းဆောင် စစ်ဆေးခံရ

ကိုဗစ်-၁၉ ကျန်းမာရေးစည်းကမ်းတွေကို ချိုးဖောက်မှုနဲ့  အင်ဒိုနီးရှား ဘာသာရေးခေါင်းဆောင် ရစ်ဇစ်ရှီဟတ်ဟာ ဒီဇင်ဘာလ ၁၂ ရက်က ဂျကာတာရဲတပ်ဖွဲ့ ရုံးချုပ်မှာ စုံစမ်းစစ်ဆေးမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ သဘောထား တင်းမာတဲ့ ရစ်ဇစ်ဟာ ပြီးခဲ့တဲ့လက ဆော်ဒီကနေ အင်ဒိုနီးရှားကို ပြန်လာခဲ့ပြီး သူရဲ့ပြန်တော်ပြန်ခရီးကို ထောက်ခံသူ ထောင်ချီပြီး ကြိုဆိုခဲ့ပါတယ်။   ကိုဗစ်ဆိုင်ရာ ကျန်းမာရေးစည်းကမ်းတွေကို ချိုးဖောက်မှုနဲ့ ကနဦး ဆင့်ခေါ်ချက်နှစ်ခုကို သူက ပျက်ကွက်ခဲ့ပြီး အခု တတိယအကြိမ်မှာ လာရောက်ခဲ့တာပါ။ တကယ်လို့  မလာရောက်ခဲ့ရင် အဖမ်းခံရမယ်ဆိုပြီး သူ့ကို ခြိမ်းခြောက်ထားပါတယ်။  ဂျကာတာရဲချုပ် အဆောက်အအုံအတွင်း မဝင်ရောက်ခင် ရစ်ဇစ်က ဒီကနေ့ သူဟာ ဘုရားသခင် ခွင့်ပြုချက်နဲ့ လာရောက်ခဲ့ပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းအတိုင်း စုံစမ်းရေးကို လိုက်နာသွားမယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဒီဇင်ဘာ ၇ ရရက်ကလည်း သူ့ကို ထောက်ခံသူတွေနဲ့ အင်ဒိုနီးရှားရဲတပ်ဖွဲ့အကြား ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ထောက်ခံသူ  ၆ ယောက် သေဆုံးခဲ့တယ်လို့ ရိုက်တာက အစီရင်ခံပါတယ်။
4 months Ago
Up