ရစ်ချာလီဆင်

January 30, 2020

ရစ်ချာလီဆင်အတွက် ပေါင် ၈၅ သန်းဖြင့် ဘာစီလိုနာ ကမ်းလှမ်းချက် အဲဗာတန် ပယ်ချ

တိုက်စစ်မှူး ရစ်ချာလီဆင်အတွက် ဘာစီလိုနာရဲ့ ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းချက်ကို အဲဗာတန်အသင်းက ပယ်ချလိုက်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ရည်ရွယ်နေပါတယ်။ ရစ်ချာလီဆင်ဟာ နည်းပြသစ်ကားလိုစ့် အယ်ဆန်လော့တီအတွက် အဓိကနေရာက အရေးပါနေတဲ့ ကစားသမားဖြစ်သလို ပြိုင်ဘက်အသင်းတွေက ကြောက်ရွံ့ရတဲ့ တိုက်စစ်မှူးတဦး ဖြစ်နေတဲ့အတွက် ရောင်းချလိုခြင်း မရှိတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဲဗာတန်အသင်းအနေနဲ့လည်း ပြီးခဲ့တဲ့လက ရစ်ချာလီဆင်နဲ့ ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုထားနိုင်တာကြောင့် အခုလို ပြတ်ပြတ်သားသား ငြင်းဆန်ထားတာ ဖြစ်ပါတယ်။ ရစ်ချာလီဆင်ဟာ ၂၀၁၈ နှစ်က ဝက်ဖို့ဒ်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ အခုရာသီမှာ ၂၇ ပွဲကစားပြီး သွင်းဂိုး ၁၀ ဂိုးထိ သွင်းယူပေးထားပါတယ်။ 
1 year Ago
Up