ဆော်ဒီအာရေဗျနိုင်ငံက တော်ဝင်မင်းသမီးတပါးဟာ ပြင်သစ်မြို့တော် ပါရီက ရစ်ဇ်ဟိုတယ်ရဲ့ အခန်းထဲမှာ ယူရိုငွေ သိန်းချီတန် လက်ဝတ်လက်စားတွေ အခိုးခံရတယ်လို့ တိုင်ကြားခဲ့တဲ့အကြောင်း ရဲသတင်းရင်းမြစ်က စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။
စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းမှာ လက်ဝတ်ရတနာတွေ ခိုးယူခံရတယ်၊ ရတနာတွေကို အခန်းထဲမှာ သေချာသိမ်းဆည်းပြီး ချန်ခဲ့တာမဟုတ်ဘူးလို့ အမည်မဖော်တဲ့ အမျိုးသမီးက အစိုးရရှေ့နေတွေကို ပြောပါတယ်။
အခန်းထဲကို ချိုးဖောက်ဝင်ရောက်ခဲ့တဲ့ လက္ခဏာလည်း မတွေ့ရဘူးလို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
ရစ်ဇ်ဟိုတယ်ရဲ့ ပြောခွင့်ရကတော့ မှတ်ချက်ပေးဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။
တကယ်လို့ အတည်ပြုခဲ့ရင် ဒါဟာ ပါရီရဲ့ ဗွန်ဒွန်ရင်ပြင်နားက ဇိမ်ခံဟိုတယ်မှာ ဒီနှစ်အတွင်း ဒုတိယမြောက် အခိုးခံရတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ပုဆိန်ကိုင်သူခိုးတွေ ဟိုတယ်ဧည့်ဆောင်ဆီ စီးနင်းခဲ့ပြီး ခင်းကျင်းပြသထားတဲ့ မှန်သေတ္တာတွေထဲကနေ ယူရိုငွေ သန်းချီတန်တဲ့ ဘယက်တွေ၊ လက်ဝတ်ရတနာတွေ ခိုးသွားခဲ့ပါတယ်။
ဇိမ်ခံဟိုတယ်တွေနဲ့ လက်ဝတ်ရတနာဆိုင်တွေ ဒါဇင်နဲ့ချီပြီးရှိရာ ဒီနယ်မြေမှာ လက်နက်ကိုင်သူခိုးတွေဟာ တွေ့နေကျမဟုတ်ပါဘူး။
ဒီရပ်ကွက်မှာ ရဲတွေကို အမြဲတမ်း တာဝန်ချထားပြီ ဖြစ်ပေမယ့် လုယက်သူတွေ ဟန့်တားရာမှာ ထိရောက်မှုနည်းနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
4 years Ago