ရစ်ဆီ

April 5, 2018

လီဗာပူး ကစားသမားဟောင်း ဂျွန်အာနီရစ်ဆီ၏ ရုပ်တု ထုလုပ်

လီဗာပူးအသင်းရဲ့ ခံစစ်ကစားသမားဟောင်း ဂျွန်အာနီရစ်ဆီရဲ့ ရုပ်တုကို ကစားသမားဘဝအစ ကလပ်ဖြစ်တဲ့ အေးလ်ဆန်းမှာ ထုလုပ်ထားပါတယ်။ ရစ်ဆီဟာ နော်ဝေကလပ် အေးလ်ဆန်းအသင်းမှာ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ကစားခဲ့ပြီး နော်ဝေလက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ်လည်း ပွဲပေါင်း ၁၁၀ ကစားပြီး တခြားအသင်းခေါင်းဆောင်တွေထက် ပွဲပိုကစားခဲ့ပါတယ်။ ရစ်ဆီဟာ လီဗာပူးအသင်းမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၈ အထိ ကစားခဲ့ပြီး လူသိများတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ လီဗာပူးအသင်းအပြင် မိုနာကို၊ ရိုးမား၊ ဖူလ်ဟမ်၊ အေပိုးလ် စတဲ့အသင်းတွေမှာ ကစားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရစ်ဆီဟာ လက်ရှိမှာ ကစားသမားဘဝက အနားယူခဲ့ပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတွေ ရရှိခဲ့တဲ့ ရစ်ဆီအတွက် အေးလ်ဆန်းအသင်းက ဂုဏ်ယူတဲ့အနေနဲ့ ရုပ်တုထုလုပ်ပြီး အသင်းရဲ့ကွင်းရှေ့မှာ ပြသထားပါတယ်။ ရုပ်တုဖွင့်ပွဲကိုတော့ ရစ်ဆီကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သလို သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာမှာလည်း တင်ထားခဲ့ပါတယ်။
3 years Ago
Up