မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှု ခံရတဲ့အပေါ် ဝမ်းသာမိပေမယ့် အဲဗာတန်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ရစ်ခ်ျချာလီဆန်က ပြောကြားလိုက်ပါတယ်။
အဲဗာတန် တောင်ပံကစားသမား ရစ်ခ်ျချာလီဆန်ဟာ အခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ၁၄ ဂိုးသွင်းပြီး ခြေစွမ်းပြသခဲ့တာကြောင့် မန်ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
အကောင်းဆုံး ကြိုးစားမှုကြောင့် တခြားအသင်းတသင်းက ခေါ်ယူလိုတာဟာ နှစ်သက်စရာ ခံစားမှု ဖြစ်ပေမယ့် လက်ရှိအချိန်မှာ အပြောင်းအရွှေ့အကြောင်း မစဉ်းစားချင်သေးဘူးလို့ ရစ်ခ်ျချာလီဆန်က ပြောပါတယ်။
အဲဗာတန်အသင်းကို ရောက်ရှိလာတာဟာ တနှစ်ပဲရှိသေးပြီး အသင်းမှာလည်း ပျော်ရွှင်နေတယ်လို့ ရစ်ခ်ျချာလီဆန်က ဆိုပါတယ်။
The Sun သတင်းစာရဲ့ အဆိုအရ မန်ယူနိုက်တက်အနေနဲ့ ရစ်ခ်ျချာလီဆန်အတွက် ပေါင်သန်း ၁၀၀ အထိ ပြောင်းရွှေ့ကြေး ပေးမယ်ဆိုရင်တော့ အဲဗာတန်အသင်းက လက်ခံစဉ်းစားနိုင်တယ်လို့ သိရပါတယ်။
ရစ်ခ်ျချာလီဆန်ဟာ လက်ရှိအချိန်မှာတော့ ကိုပါအမေရိကဖလား ကစားဖို့အတွက် ဘရာဇီးအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပါတယ်။
2 years Ago