ရစ်ချာလီဆင်

August 29, 2018

အဲဗာတန် ကစားသမား ရစ်ချာလီဆင်ကို ဘရာဇီးလက်ရွေးစင်အသင်းတွင် ရွေးချယ်

အဲဗာတန် တောင်ပံကစားသမား ရစ်ချာလီဆင်ကို ဘရာဇီးလက်ရွေးစင်အသင်းမှာ ရွေးချယ်မယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်ရှိ ရစ်ချာလီဆင်ဟာ ပြီးခဲ့တဲ့ရာသီကမှ အဲဗာတန်အသင်းက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၄၄ သန်းနဲ့ ဝတ်ဖို့ဒ်အသင်းကနေ ခေါ်ယူခဲ့တာပါ။ ဝတ်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြခဲ့သလို အဲဗာတန်အသင်းမှာလည်း ခြေစွမ်းပြနေတာကြောင့် ဘရာဇီးနည်းပြ တိတီက ရွေးချယ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ရစ်ချာလီဆင်ဟာ ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲစဉ်မှာတော့ အနီကတ်ပြသခံခဲ့ရပါတယ်။ ဘရာဇီးအသင်းဟာ လာမယ့် စက်တင်ဘာ ၈ ရက်မှာ အမေရိကန်အသင်းနဲ့ ခြေစမ်းဖို့ရှိပြီး စက်တင်ဘာ ၁၂ ရက်မှာလည်း အယ်ဆာဗေဒိုအသင်းနဲ့ ဆက်ပြီး ခြေစမ်းကစားမှာ ဖြစ်ပါတယ်။ ရစ်ချာလီဆင်ဟာ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၃ ဂိုးသွင်းထားပြီး ဘရာဇီး လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာမှာ ဖြစ်ပါတယ်။
3 years Ago

April 20, 2018

ဝတ်ဖို့ဒ်တိုက်စစ်မှူး ရစ်ချာလီဆင်ကို ခေါ်ယူရန် မန်ယူ ပြင်ဆင်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝတ်ဖို့ဒ်တိုက်စစ်မှူး ရစ်ချာလီဆင်ကို ပေါင်သန်း ၄၀ ပေးပြီး ခေါ်ယူဖို့အတွက် ပြင်ဆင်နေပါတယ်။ အဲဒီ ဘရာဇီးလ်တိုက်စစ်မှူးကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းအပြင် ဥရောပထိပ်သီး ကလပ်အသင်းကြီး အများစုက ခေါ်ယူလိုနေပါတယ်။ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်၊ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတို့လည်း ပါဝင်နေပါတယ်။ ရစ်ချာလီဆင်အနေနဲ့ ဝတ်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်း ၄ နှစ် ကျန်ရှိနေပြီး ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကမှ ပေါင် ၁၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ရစ်ချာလီဆင်ဟာ ၁၂ ပွဲမှာ ၅ ဂိုး သွင်းယူထားနိုင်ပြီး မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ကလည်း အသင်းရဲ့တိုက်စစ်မှူး မာရှယ်နေရာမှာ အစားထိုးခေါ်ယူဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ မာရှယ်ဟာ ဘာစီလိုနာအသင်းကို ပေါင်သန်း ၆၀ လောက်နဲ့ ပြောင်းရွှေ့ဖို့ အခြေအနေကောင်းနေပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း ရစ်ချာလီဆင်ကို ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်၊ တော့တင်ဟမ်၊ အာဆင်နယ်၊ ချဲလ်ဆီးအသင်းတွေထက်အရင် လက်ဦးမှုရယူပြီး ခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။
4 years Ago
Up