နယူးယောက် အကျဥ်းထောင် ဖောက်ထွင်းမှုမှာ အားပေးကူညီပေးခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ထောင်ဝန်ထမ်း အမျိုးသမီးက နောင်တရတယ်လို့ ၀န်ခံတဲ့အကြောင်း သူ့ရှေ့နေက ပြောပါတယ်။
ထောင်ဖောက်ထွက်ပြေးသွားကြတဲ့ အသက် ၄၈ နှစ်အရွယ် ရစ်ချက် မတ်နဲ့ အသက် ၃၅ နှစ်အရွယ် ဒေးဗစ် ဆွပ်တို့ဟာ လူသတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူတွေဖြစ်ပြီး သူတို့ကို ရဲက ခြေရာခံနေတာ ၁၂ ရက်ရှိနေပါပြီ။
သူတို့ကို အကူအညီပေးခဲ့တယ်ဆိုတဲ့ ဂျွိုက်စ် မစ်ချဲလ် (Joyce Mitchell) ဆိုတဲ့ အမျိုးသမီးဟာ ထောင်တွင်း အပ်ချုပ်ဆိုင်မှာ စက်မှုလက်မှု နည်းပြဖြစ်ပါတယ်။
ရှေ့နေဖြစ်သူက သူ့အမှုသည်ဟာ စိုးရိမ်ထိတ်လန့်ပြီး နောင်တလည်း ရနေကြောင်း၊ အကြီးအကျယ် စိတ်ထိခိုက်ပြီး တချိန်လုံး ငိုကြွေးနေကြောင်း သူ့ခင်ပွန်းကတဆင့် သိရတယ်လို့ ပြောပါတယ်။
စွပ်စွဲခံထားရတဲ့ အသက် ၅၁ နှစ်အရွယ် မစ်ချဲလ်ဟာ ထောင်ဝန်ထမ်းတဦးနဲ့ လက်ထပ်ထားသူဖြစ်ပြီး အရွယ်ရောက်ပြီးတဲ့ သားတဦး ရှိပါတယ်။ သူမဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၈ နှစ် ကျခံရမှာ ဖြစ်ပါတယ်။
6 years Ago