ရင်းနှီးမြှုပ်နှံလိုသူများ

October 15, 2019

ထိပ်တန်းအသင်းပြန်ဖြစ်စေရန် ရင်းနှီးမြှုပ်နှံလိုသူများရှိနေဟု လိဒ်အသင်းပိုင်ရှင်ပြော

မန်စီးတီးအသင်းလို ထိပ်တန်းအသင်း ဖြစ်လာအောင် ရင်းနှီးမြှုပ်နှံမယ့် ရှယ်ယာရှင်တွေရဲ့ ကမ်းလှမ်းမှုတွေ ရရှိထားတယ်လို့ လိဒ်အသင်းပိုင်ရှင်က ပြောပါတယ်။ ချန်ပီယံရှစ်ကလပ် လိဒ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ဖို့ ပစ်မှတ်ထားနေတဲ့အသင်း ဖြစ်ပြီး အသင်းကို ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ အများကြီး ရှိနေတယ်လို့ အတည်ပြုသွားခဲ့တာပါ။ အဲဒီကမ်းလှမ်းမှုတွေထဲကနေ သုံးခုကိုတော့ လက်ခံဖို့ စဉ်းစားနေကြောင်း လိဒ်အသင်းပိုင်ရှင် ရာဒရီဇန်နီက ပြောပါတယ်။  အဲဒီသုံးခုထဲမှာ ပီအက်စ်ဂျီအသင်းပိုင်ရှင် နက်ဆာအယ်လ်ခါလီဖီရဲ့ ကာတာအားကစား ရင်းနှီးမြှုပ်နှံမှုအဖွဲ့လည်း ပါဝင်နေတာဖြစ်ပြီး မန်စီးတီးအသင်းလို ထိပ်တန်းအသင်းကြီးတသင်း တည်ဆောက်ဖို့ ကမ်းလှမ်းထားတာ ဖြစ်တယ်လို့ အသင်းပိုင်ရှင်က အတည်ပြုပြောပါတယ်။  နောက်ထပ်ကမ်းလှမ်းမှု နှစ် ခုကတော့ အမေရိကမှာ အခြေစိုက်တဲ့ လိဒ်ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ်တဦးနဲ့ အီတလီကလပ်အသင်း ပိုင်ရှင်တဦးတို့က မ်းလှမ်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။  တချိန်က ပရီးမီးယားလိဂ် နာမည်ကြီး ကလပ်တခုဖြစ်ခဲ့ဖူးတဲ့ လိဒ်ယူနိုက်တက်ဟာ လက်ရှိ ချန်ပီယံရှစ်ပွဲစဉ် ၁၁ အပြီးမှာ ၆ ပွဲနိုင်၊  ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးရလဒ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
2 years Ago
Up