ရင်းနှီးမြှုပ်နှံ

July 15, 2020

တောင်ကိုရီးယား စီးပွားရေး နာလန်ပြန်ထရန် အမေရိကန်ဒေါ်လာ ၉၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ

ကိုဗစ်-၁၉ ကပ်ရောဂါကနေ စီးပွားရေး နာလန်ပြန်ထဖို့အတွက် သဘာဝပတ်ဝန်းကျင်  မထိခိုက်တဲ့ စီမံကိန်းတွေမှာ အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့်  အစီအစဉ်ကို  တောင်ကိုရီးယားအစိုးရက ဇူလိုင် ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။  အစီအစဉ်တစိတ်တပိုင်းအရ လျှပ်စစ်ယာဉ်တွေနဲ့ ဟိုက်ဒရိုဂျင်ကားတွေမှာ ရင်းနှီးမြှုပ်နှံမှာပါ။ ၆ နှစ်ကြာ ဒီစီမံကိန်းက ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦတွေနဲ့ အလုပ်ရှာဖွေသူတွေအတွက် ပိုအားကောင်းတဲ့ လုံခြုံရေးကွန်ရက်ကို တည်ဆောက်မှာ  ဖြစ်ပါတယ်။  အစိမ်းရောင်သဘောတူညီချက် ဝိသေသတွေက အာရှတိုက်ရဲ့ စတုတ္ထအင်အားအကြီးဆုံး နိုင်ငံမှာ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုလျှော့ချဖို့ ရည်ရွယ်တာကြောင့် လူစိတ်ဝင်စားမှု ရှိနေပါတယ်။ ကပ်ရောဂါက ရာသီဥတုပြောင်းလဲမှုကို အဆောတလျင် တုံ့ပြန်ဆောင်ရွက်ဖို့ တခါထပ်လောင်း အတည်ပြုလိုက်တာ ဖြစ်တယ်လို့ သမ္မတ မွန်းဂျေအင်က မိန့်ခွန်းမှာ ပြောပါတယ်။ စီမံကိန်းသစ်တွေဟာလာမယ့် ၂၀၂၅ အထိ အလုပ်အကိုင်ပေါင်း ၁ ဒသမ ၉ သန်း ဖန်တီးပေးဖို့ မျှော်လင့်ရတယ်လို့  ရိုက်တာက ရေးပါတယ်။
10 months Ago
Up