ရင်းနက်စ်အသင်

September 18, 2020

မန်ဒီကို ခေါ်ဈေးထက် ပေါင် ၅ သန်းလျော့ပြီး ချဲလ်ဆီးရရှိ

ပေါင် ၂၅ သန်းနဲ့ ဈေးခေါ်ခံရတဲ့ ရင်းနက်စ်အသင်းဂိုးသမား အက်ဒူရက်မန်ဒီကို ချဲလ်ဆီးအသင်းက ပေါင်သန်း ၂၀ စွန်းစွန်းနဲ့ခေါ်ဖို့ သဘောတူခဲ့ပြီလို့ ကစားသမားရဲ့ အေးဂျင့်က ပြောပါတယ်။  ချဲလ်ဆီးအသင်းရဲ့လက်ရှိ ဂိုးသမား ကက်ပါဟာ ပြီးခဲ့တဲ့ရာသီအတွင်း လက်စွမ်း မတည် ငြိမ်မှုများခဲ့တာကြောင့် သူ့ကို ဖိအားပေးဖို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ဂိုးသမား ၁ ဦး ရှာဖွေ နေတာဖြစ်ပါတယ်။  ချဲလ်ဆီးအသင်းက မန်ဒီကိုခေါ်ယူဖို့ ရင်းနက်စ်အသင်းနဲ့ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီး ပြင်သစ်ကလပ်ဘက်က မန်ဒီရဲ့ ပြောင်းရွှေ့ကြေး တစိတ်တပိုင်းအဖြစ် ချဲလ်ဆီးကစားသမား တွေဖြစ်တဲ့ ဂီရော့ဒ်နဲ့တီမိုရီတို့ကို ထည့်သွင်းပေးဖို့ တောင်းဆိုထားပါတယ်။  ဒါပေမဲ့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ဒီဂျန်းကတော့ မန်ဒီကို ပေါင် ၂၀ ဒသမ ၁ သန်းနဲ့ ရောင်းထုတ်ဖို့ အသင်း ၂ သင်းကြား သဘောတူညီမှုရပြီလို့ ပြောပါတယ်။  မန်ဒီဟာ ဆေးစစ်မှုခံယူရန်နဲ့အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ မကြာခင်လန်ဒန်ကို  ရောက်ရှိ လာတော့မယ်လို့ ယူဆရပါတယ်။  “အသင်း ၂ သင်းကြားမှာ သဘောတူညီမှုရရှိခဲ့ပြီ၊ တရားဝင်သတင်းထုတ်ပြန်ဖို့ပဲ ကျန်ပါ တော့တယ်။ အရာအားလုံး  ချောချောမွေ့မွေ့နဲ့ပြီး ဆုံးသွားမယ်ဆိုရင် ဒါဟာလည်း မနက်ဖြန်လောက်ဆို ဖြစ်လာနိုင်ပါတယ်” လို့ မန်ဒီအေးဂျင့် ဒီဂျန်းက ဆီနီဂေါသတင်းစာကို ပြောပါ တယ်။   မန်ဒီဟာ ကြာသာပတေးနေ့အထိ မိုနာကိုနဲ့ကစားမယ့် ရင်းနက်စ်အသင်းရဲ့ လီဂူးအဖွင့်ပွဲစဉ် အတွက် လေ့ကျင့်ရေးပြုလုပ်ခဲ့ပါတယ်။  တဖက်မှာလည်း လမ်းပတ်က လက်ရှိဂိုးသမား ကယ်ပါကို အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ပြောပါတယ်။  စပိန်ဂိုးသမားဟာ ဘရိုက်တန်အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း အမှားအယွင်း တချို့ကို ပြုလုပ်ခဲ့ပါသေးတယ်။ “ကယ်ပါနဲ့ အလုပ်လုပ်ရတာ ကျနော့်အတွက်အဆင်ပြေပါတယ်။ ကန်ချက်ကို သူ ကောင်းကောင်းကာကွယ်နိုင်လိုက် သင့်လား မသိပေမယ့် သူ့ဆီမှာ ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုတွေ ကို ပြန်လည်မြင်တွေ့လာရပါတယ်။ ကယ်ပါက ချဲလ်ဆီးအသင်းရဲ့ဂိုးသမားပါ။ သူ့အတွက် ပြိုင်ဆိုင်မှုဆိုတာ ရှိလာရင်တောင် ဒါဟာပြိုင်ဆိုင်မှုပါပဲ။ ဒါဟာ ချဲလ်ဆီးအသင်းရဲ့ အစဉ်အလာ ဖြစ်သလို ကစားသမားအားလုံးဟာလည်း အပြိုင်အဆိုင်ကြားမှာ ကြိုးစားရမှာ ဖြစ်ပါတယ်” လို့ လမ်းပတ်က ပြောပါတယ်။   
8 months Ago
Up