ရင်းနက်စ်ဂိုးသမား

August 30, 2020

ရင်းနက်စ်ဂိုးသမားကို ပေါင် ၁၈ သန်းဖြင့် ချဲလ်ဆီး ထပ်မံကမ်းလှမ်း

ချဲလ်ဆီးအသင်းဟာ ရင်းနက်စ်ဂိုးသမား အက်ဒူရက်မန်ဒီကိုပေါင် ၁၈ သန်းနဲ့ တိုးမြှင့် ကမ်းလှမ်းလိုက်တယ်လို့ Goal သတင်းမှာဖော်ပြပါတယ်။  လက်ရှိဦးစားပေးဂိုးသမား ကက်ပါရဲ့အနေအထား မတည်မငြိမ်ဖြစ်နေချိန်မှာ ချဲလ်ဆီး အသင်းဟာ မန်ဒီကိုစပိန်ဂိုသမားအတွက် ပြိုင်ဆိုင်မှုဖြစ်စေဖို့ အသင်းကို ခေါ်ယူလိုချင်နေတာ ဖြစ်ပါတယ်။  ဒီဂိုးသမားအတွက် ချဲလ်ဆီးအသင်းက ပေါင် ၁၅ သန်းနဲ့ကနဦးကမ်းလှမ်းခဲ့တယ်လို့ The Sun သတင်းမှာဖော်ပြထားပြီး ဒီကမ်းလှမ်းမှုကို ရင်းနက်စ်အသင်းက ပယ်ချခဲ့ပါတယ်။  ဒါ့ကြောင့် လမ်းပတ်တို့ဘက်က ပိုများတဲ့ကြေးနဲ့ ထပ်မံကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိဂိုးသမားကက်ပါကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီဂိုးသမားဟာ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ လက်စွမ်းမျိုးရရှိဖို့ ရုန်းကန်နေရပါတယ်။  လမ်းပတ်ဟာ ကက်ပါရဲ့ လက်စွမ်းမတည်ငြိမ်မှုကြောင့် ပြီးခဲ့တဲ့ရာသီကုန်ပိုင်းမှာ ဒုတိယ ဂိုးသမား ကာဘာလီယိုနဲ့ အစားထိုးခဲ့ပါတယ်။  ဒါ့အပြင် ကက်ပါကို ဆီဗီလာ၊ ဗလင်စီယာ စတဲ့ကလပ်အသင်းတွေကလည်း အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒီအခြေအနမှာ အသင်းရဲ့ဂိုးပေါက်အတွက် မန်ဒီကို လမ်းပတ်က ချိန်ရွယ်လာ တာဖြစ်ပါတယ်။  ဒါပေမယ့် ကက်ပါရဲ့လစာက အငှားလိုချင်နေတဲ့ အသင်းတွေကို အခက်အခဲဖြစ်စေမှာ ဖြစ်တာကြောင့် မန်ဒီသာရောက်လာခဲ့မယ်ဆိုရင် ချဲလ်ဆီးအသင်းမှာ ဂိုးသမား ၃ ဦးအထိ ရှိလာနိုင်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဆီနီဂေါဂိုးသမား မန်ဒီဟာ ရင်းနက်စ်နဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ ပြင်သစ်လီဂူးရဲ့ အဆင့် ၃ နေရာကို ရရှိခဲ့ပြီး အသင်းကို ပထမဆုံးသော ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ အောင် ကူညီပေးနိုင်ခဲ့ပါတယ်။  မန်ဒီဟာ ပြီးခဲ့တဲ့နွေရာသီကမှ ရင်းနက်စ်အသင်းကို ရောက်လာခဲ့သူဖြစ်ပြီး  ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။  ရင်းနက်စ်အသင်းဘက်က သူတို့ဂိုးသမား ရောင်းချသွားမှာဖြစ်ပေမယ့် အခုချိန်ထိတော့ ချဲလ် ဆီးအသင်းရဲ့ ပေါင် ၁၈ သန်းတန် ကမ်းလှမ်းမှုအပေါ် တုံပြန်မှု မပြုလုပ်သေးပါဘူး။
1 year Ago
Up