ရင်ဆိုင်နေရ

December 29, 2019

သြစတြေးလျ တောရိုင်းတိရစ္ဆာန်များ ရေပြတ်လပ်မှု ရင်ဆိုင်နေရ (ရုပ်သံ)

သြစတြေးလျနိုင်ငံရဲ့ မိုးခေါင် ရေရှားမှုအတွင်း တိရစ္ဆာန်တွေဟာ ‌ရေရှိတဲ့နေရာတွေမှာ စုပြုံပြီး ရေငတ်မှုကို ဖော်ပြနေတဲ့ ပုံရိပ်တွေကို ဒီဇင်ဘာ ၂၃ ရက်နေ့က လူမှုကွန်ရက်ပေါ် ရောက်ရှိလာတဲ့ ဗွီဒီယိုဖိုင်တခုမှာ မြင်တွေ့ရပါတယ်။ သြစတြေးလျနိုင်ငံမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေဟာ ဆိုးရွားတဲ့ တောမီးဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရပြီး တောမီးကြောင့် ချုံပုတ်ဧရိယာ ဟက်တာ ၃ ဒသမ ၇ သန်းကျော် ပျက်စီးခဲ့ကာ လူ ၆ ဦးလည်း သေဆုံးခဲ့ရပါတယ်။ အပူချိန်မြင့်တက်လာတာနဲ့ တောမီးအခြေအနေတွေဟာ ပိုမိုဆိုးရွားလာလိမ့်မယ်လို့ ယူဆရပြီး တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မီးဘေးဒဏ် ခြိမ်းခြောက်ခံနေရတဲ့ တိရစ္ဆာန်တွေကို ရွှေ့ပြောင်းပေးမလား၊ အဲဒီနေရာမှာပဲ ကာကွယ်ပေးမလား ဆိုတာကို ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။
2 years Ago
Up