ရင်နင့်ဖွယ် သေဆုံးမိခင်ကို နှိုးထနေသည့် ၂ နှစ်သား ဆင်ကလေး (ရုပ်သံ)

July 9, 2016

ရင်နင့်ဖွယ် သေဆုံးမိခင်ကို နှိုးနေသည့် ၂ နှစ်သား ဆင်ကလေး (ရုပ်သံ)

သေဆုံးနေတဲ့ မိခင် ဆင်မကြီးကို ၂ နှစ်အရွယ် ဆင်ကလေးက  နှိုးထဖို့ ကြိုးစားနေတဲ့ ဖြစ်ရပ်ကို မှတ်တမ်းတင် ရိုက်ယူထားတဲ့ ရုပ်သံဖိုင်ဟာ ဇူလိုင် ၇ ရက်နေ့က အင်တာနက်မှာ ပျံ့နှံ့နေပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ် နာဒူပြည်နယ်မှာ ဆင်မလေးနဲ့ ဆင်သားပေါက်တို့ဟာ ကာဝီဒီမာ ဘုရားကျောင်းအနီးမှာ လမ်းလျှောက်နေရာကနေ ဆင်မကြီးက ရုတ်တရက် လဲကျသွားပါတယ်။ ဆင်မကြီးက လဲကျပြီးသေဆုံးသွားပေမယ့် ဒီဖြစ်ရပ်ကို မသိရှာတဲ့ ဆင်ကလေးက မိခင်ကို ထဖို့ နှာမောင်းနဲ့ ပွတ်သပ်ပြီး ထဖို့နှိုးဆော်ခဲ့ပါတယ်။ ဆင်မအနားကို လာတဲ့သူတွေကိုလည်း နောက်ကနေလိုက်ပြီး မလာအောင် မောင်းထုတ်နေပါတယ်။ ဒါအပြင် မိခင်ထအောင် သစ်ကိုင်းတွေကို ချိုးယူပြီး လှုပ်နှိုးခဲ့သလို အစွယ်နဲ့ မိခင်ရဲ့ နားရွက်ကို လှန်လှော ဖွင့်ပိတ်ခဲ့ပါတယ်။ သစ်တောဝန်ထမ်းတွေက ဆင်ကလေးကို ခေါ်ယူဖို့ ကြိုးစားပေမယ့် ဆင်ကလေးက ခေါ်ဖို့ လက်မခံခဲ့ပါဘူး။ ဆင်မကြီးကတော့ အတွင်းပိုင်း သွေးယိုတဲ့ အတွက် သေဆုံးသွားတာ ဖြစ်တယ်လို့လည်း ပြောဆိုနေပါတယ်။
7 years Ago
Up