အာဆင်နယ်အသင်းဟာ ဒီနှစ်ရာသီအကုန် ထိပ်ဆုံး ၄ သင်း စာရင်းမှာဝင်ဖို့အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ခရစ်စတယ် ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ ရှုံးတဲ့ ပွဲအပြီးမှာ အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို ကျဆင်းခဲ့ပါတယ်။ လက်ကျန်ပွဲ ၈ ပွဲပဲ ကျန်တော့တဲ့ အချိန်မှာ အာဆင်နယ်ဟာ အဆင့် ၄ နေရာက မန်စီးတီးအသင်းနဲ့ ၇ မှတ်အကွာကို ရောက်ရှိသွားပါတယ်။
အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာလည်း မသေချာတဲ့ အနေအထားမှာ ရှိနေပြီး ဒီနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
အာဆင်နယ်ကတော့ နည်းပြကို ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပါတယ်။ အာဆင်နယ်ဟာ ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဆန်းချက်နဲ့ ကွင်းလယ်သမား အိုဇေးတို့နဲ့လည်း စာချုပ်သက်တမ်း မတိုးနိုင်သေးတဲ့ အနေအထားမှာ ရှိနေပါတယ်။
အာဆင်နယ်ဟာ လာမယ့် တနင်္လာနေ့မှာ မစ်ဒယ်ဘရော့အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago