ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံသို့ ရောက်ရှိ

August 22, 2017

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံသို့ ရောက်ရှိ

  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတယ်လို့  နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က ရန်ကုန်မြို့သို့ Bangkok Airways နဲ့ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးဦးကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့  ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိအကြံပြုချက်တွေကို   မြန်မာအစိုးရထံ ခုရက်ပိုင်းအတွင်း အပြီးသတ် အစီရင်ခံစာ တင်သွင်းဖို့ရှိနေတာဖြစ်ပါတယ်။ ဓာတ်ပုံ-MOFA
4 years Ago
Up