ရခိုင်လူငယ် ညီလာခံကျင်းပဖို့အတွက် အကြိုညီလာခံတရပ်ကို လာမယ့်ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ရခိုင်ပြည်နယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
အကြိုညီလာခံနဲ့ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့က Jasmine Palace ဟိုတယ်မှာ နိုဝင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ရခိုင်လူငယ်အကြိုညီလာခံ ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ ၂၉ရက်နေ့အထိ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ပြုလုပ်သွားမှာပါ။
အကြိုညီလာခံအတွက် ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေး အစပြုကော်မတီက ၂၀၁၆ နှစ်ဆန်းပိုင်းထဲက ရခိုင်ပြည်နယ်တခုလုံးမှာ လိုက်လံစည်းရုံးခဲ့ပါတယ်။
အဲဒီနောက် အကြိုညီလာခံ တက်ရောက်ဖို့အတွက် တမြို့နယ်ကို လူငယ်ကိုယ်စားလှယ် ၅ ဦးစီကို လူငယ်တွေ ဆန္ဒပြု ရွေးချယ်ခိုင်းခဲ့ပါတယ်။
ဒီဇင်ဘာလမှာ ကျင်းပမယ့် အကြိုညီလာခံကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုက လူငယ် ၁၀၀ နီးပါး တက်ရောက်သွားမယ်လို့ ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေး အစပြုကော်မတီက ပြောပါတယ်။
6 years Ago