ရခိုင်ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုပ်ရဟန်မင်းကြီးလှူဒါန်းထားတဲ့ ဒေါ်လာ ၁ သိန်းကို ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့က စစ်တွေကို ဒီနေ့ လာရောက်ပေးအပ်ပါတယ်။
ပုပ်ရဟန်မင်းကြီးက ရခိုင်ပြည်နယ်ထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် လှူဒါန်းထားတာဖြစ်ပြီး ပြည်နယ် အစိုးရတဆင့် လာရောက်လှူဒါန်းတာလို့ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောပါတယ်။
ငြိမ်းချမ်းမေတ္တာ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ဒုတိယအကြိမ် ရောက်လာတာဖြစ်ပြီး ဒီခရီးစဉ်မှာတော့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အစ္စလာမ် ဘာသာကိုယ်စားပြု ဟာဂျီဦးအေးလွင်၊ ဟိန္ဒူဘာသာကိုယ်စားပြု ဦးဆန်းမင်းနိုင်နဲ့ ကက်သလစ် ခရစ်ယာန်ဘာသာက ကိုယ်စားပြုသူတို့ ပါဝင်လာတာဖြစ်ပါတယ်။
သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို
4 years Ago