ရခိုင်ပြည်နယ် ၄ မြို့နယ်၌ လုံခြုံရေးကြောင့် စာစစ်ဘဏ်များပြောင်းရွေ့ရမည်

August 25, 2020

ရခိုင်ပြည်နယ် ၄ မြို့နယ်တွင်  Stay at Home  အမိန့်ထုတ်ပြန်  

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ် ၄ မြို့နယ်ကို  Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဩဂုတ် ၂၅ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။ Stay at Home အမိန့်အရ အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီ၊ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်သူတွေကလွဲပြီး ကျန်သူတွေအိမ်မှာပဲနေကြဖို့၊ မဖြစ်မနေ ဈေးဝယ်ထွက်ဖို့ အတွက် တအိမ်တယောက်ပဲ ထွက်ဖို့၊ ဆေးရုံ ဆေးခန်းကို တစ်အိမ် နှစ်ယောက်ပဲ သွားဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပြီးတော့ဈေးဝယ်ထွက်ရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက်တယောက်၊ ဆေးရုံဆေးခန်းသွားရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက် နှစ်ယောက်ထက် မပိုဖို့ စတာတွေကို ညွှန်ကြားထားပါတယ်။ ဒီအမိန့်ဟာ ဩဂုတ် ၂၆ ရက် မနက် ၆ နာရီစတင်သက်ရောက်မှာ ဖြစ်ပြီး အမိန့်လိုက်နာဖို့ ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ  Stay at Home အမိန့်ထုတ်ပြန်ကြေညာခဲ့ပြီး အခု ၄ မြို့နယ်ပါနဲ့ဆိုရင် ရခိုင်ပြည်နယ်မှာ Stay at Home သတ်မှတ်ထားတာ ၅ မြို့နယ်ရှိသွားပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၈၀ ကျော်တွေ့ရှိခဲ့ပြီးနောက် ခုလို Stay at Home အစီအစဉ်တွင် ချမှတ်ဆောင်ရွက်တာလည်းဖြစ်ပါတယ်။
1 year Ago

December 24, 2019

ရခိုင်ပြည်နယ် ၄ မြို့နယ်၌ လုံခြုံရေးကြောင့် စာစစ်ဘဏ်များပြောင်းရွေ့ရမည်

ရခိုင်ပြည်နယ်အတွင်းက လုံခြုံရေးအခြေအနေကြောင့် မြို့နယ်လေးခုမှာ စာမေးပွဲ မေးခွန်းတွေ သိမ်းဆည်းထားတဲ့ စာစစ်ဘဏ်တွေအားလုံး ပြောင်းရွေ့ရမယ်လို့ ရခိုင်ပြည်နယ် ပညာရေးဌာနက ပြောပါတယ်။  ၁၀ တန်းမေးခွန်းလွှာတွေထားတဲ့ စာစစ်ဘဏ်တွေအားလုံးဟာ ရဲစခန်းတွေထဲမှာပဲ အစဉ် အဆက်ထားရှိခဲ့ကြတာပါ။ ခုချိန်မှာတော့ လုံခြုံမှုရှိတဲ့ ရဲစခန်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးနေရာပြောင်းရွေ့သွားလို့ ဒီမေးခွန်းတွေကိုထားလို့ မရတော့တဲ့ အခြေအနေ ဖြစ်ပေါ် နေပါတယ်။ ပြီးခဲ့တဲ့နှစ် စာမေးပွဲကာလကလည်း  အမ်းမြို့နယ် ရူးဖက်က ရဲကင်းစခန်းတခု မြို့ဘက်ကို ရွှေ့လိုက်တာကြောင် ၁၀ တန်းမေးခွန်းတွေထားတဲ့ စာစစ်ဘဏ်တွေ အပြောင်းအလဲလုပ်ခဲ့ရသလို ကျောင်းသားတွေဆိုရင် နေရာပြောင်းရွှေ့ရပြီး စာမေးပွဲတွေစစ်ခဲ့ရတယ်လို့ ပညာရေးမှူး က ပြောပါတယ်။  ဒီနှစ်မှာတော့ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ အမ်းမြို့နယ်တို့ နေရာ ပြောင်းရွေ့ စာမေးပွဲစစ်ဆေးဖို့အစီအစဉ်ထဲမှာ  ပါဝင်ပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က စာသင်ကျောင်း ၃ ကျောင်းကို ပိတ်ထားရဆဲဖြစ်တယ်လို့ ပညာရေးမှူးက ပြောပါတယ်။ တိုက်ပွဲတွေ အခြေအနေတွေကြောင့် ကျောင်းကိုပိတ်လိုက်ဖွင့်လိုက်လုပ်နေရလို့ သားသမီးတွေရဲ့ ပညာရေးတွေ ဆုံးရှုံးမှာ မိဘတွေစိုးရိမ်နေကြပါတယ်။ မေးခွန်းတွေကို လုံခြုံမှုရှိတဲ့နေရာကို ပြောင်းရွေ့ရသလို ကျောင်းသားတွေကိုလည်း နေရာပြောင်းရွေ့စစ်ရပြီး ဒီလိုပြောင်းရွေ့မယ့် အစီအစဉ်ထဲမှာ ကျောင်းသားဦးရေကို အတိအကျပြောလို့ မရဘူးလို့ ဆိုပါတယ်။ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကကောက်ယူထားစားရင်အရ လက်ရှိတိုက်ပွဲကြောင့် မြို့နယ် တချို့မှာ ကျောင်းပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ကျောင်းသား၂၇၀၀၀ လောက်ရှိပြီး အဲ့ဒီထဲမှာ ၁၀ တန်းကျောင်းသားတွေ ရာနဲ့ချီရှိ ပါဝင်ပါတယ်။ 
2 years Ago
Up