ရခိုင်​ပြည်​နယ်

January 20, 2018

ရခိုင်​ပြည်​နယ်​ ၁၇ မြို့နယ်​တွင်​ လုံခြုံရေးတိုးမြှင့်ချထား

ရခိုင်​ပြည်​နယ်​မှာ ​မလိုလားအပ်​တဲ့ ဆူပူအကြမ်းဖက်​မှု​တွေ ဖြစ်​မှာစိုးတာ​ကြောင့်​ ရခိုင်​ပြည်​နယ် ​၁၇ မြို့မှာ လုံခြုံ​ရေးတိုးမြှင့် ချထားတယ်​လို့ ရခိုင်​ပြည်​နယ်​ရဲမှူးကြီး​ အောင်​မြတ်​မိုးက ဒီဗွီဘီကို​ပြောပါတယ်​။ "မလိုလားအပ်​တဲ့ ဆူပူပြဿနာ​တွေ ဖြစ်​လာမှာစိုးလို့ ကြိုတင်​ကာကွယ်​​ဆောင်​ရွက်​ထားပါတယ်​။ ပြည်​သူလူထု လုံခြုံ​ရေးအတွက်​ကို ပြည်​သူလူထုက​တော့ ​အေး​အေးချမ်းချမ်းနဲ့ သွားလာလှုပ်​ရှား ​ရောင်းဝယ်​​ဖောက်​ကား​နေပါတယ်​။ တခြားမလိုလားအပ်​​သော လက်​နက်​ကိုင်​အဖွဲ့အစည်း​တွေ ဝင်​​ရောက်​ဗုံးခွဲတာ​တွေ၊ ပြည်​သူ​တွေကို မလိုတာ​တွေ လှုံ့​ဆော်​ပြီး ဆူပူအကြမ်းဖက်​ဆန္ဒပြမှုဖြစ်​​အောင် ​​နောက်​က​နေ တိုက်​တွန်းပြီး လုပ်​တာမျိုးဖြစ်​မှာစိုးလို့ လုံခြုံ​ရေးတိုးမြှင့်​ချထားပါတယ်​။ ရခိုင်​ပြည်​နယ် ​၁၇ မြို့နယ်​လုံး လုံခြုံရေးတိုးမြှင့်​ချထားပါတယ်​" လို့ ဒီဗွီဘီကို​ပြောပါတယ်​။ ဇန်​နဝါရီ ၁၆ ရက်​​နေ့စလို့ ဒီက​နေ့မနက်​အထိ ရခိုင်​ပြည်​နယ် ​၁၇ မြို့နယ်​မှာ ရဲတပ်​ဖွဲ့ဝင်​အင်းအား တိုးမြှင့်ချထားတာပါ။ စစ်​​တွေမြို့မှာ အဓိက​နေရာ​တွေ ဖြစ်​ကြတဲ့ ရခိုင်​ပြည်​နယ်​အစိုးရုံ​ရှေ့နဲ့ ရုံး​ဘေးနား​တွေ အပါအဝင်​ စစ်တွေဘုရားကြီး၊ စစ်​​တွေတရားရုံးနဲ့​ အောင်​မင်္ဂလာရပ်​ကွက်​​တွေမှာ လုံခြုံရေးတပ်​ဖွဲ့ဝင်​​တွေ တိုးမြှင့်ချထားတာပါ။ ဒါ့ပြင်​ မ​နေ့က နေ့လယ်​ပိုင်းက ဆန္ဒပြမယ်​ဆိုတဲ့သတင်း​တွေ ထွက်​​ပေါ်လာတာ​ကြောင့် စစ်​​တွေ ဘုရားကြီးအနားမှာ လူ​ ၁၀၀ ဝန်းကျင်းက စုရုံး​ရောက်​ရှိလာပြီး​တော့ သိပ်​မကြာခင်​မှာ လူအုပ်​ကြီးက ပြန်​လည်​လူစုကွဲသွားခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်း ၁၁ နာရီအထိ စစ်​​တွေဘုရားကြီးအနားမှာ​တော့ လုံခြုံ​ရေးကား ၆ စီးအပါအဝင်​ ​နေရာအချို့မှာ ရဲတပ်​ဖွဲ့​တွေ အသင့်နေရာယူထားကြတာ​ တွေ့ရပါတယ်​။ မြောက်ဦးမြို့မှာ ဇန်န၀ါရီ ၁၆ ရက်ညနေပိုင်းက လူစုလူဝေးနဲ့ ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရက္ခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာ ကျရှုံးခြင်း အခမ်းအနားကို ကျင်းပခွင့် မရတဲ့အတွက် ဒေသခံတွေက အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို သွားရောက် စုဝေးတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
3 years Ago
Up