ရခိုင်​အ​ခြေစိုက်​သတင်းဌာန(DMG) ရုံး ဖောက်ထွင်းခံရ

August 15, 2018

ရခိုင်​အ​ခြေစိုက်​သတင်းဌာန(DMG) ရုံး ဖောက်ထွင်းခံရ

ရခိုင်​အ​ခြေစိုက်​သတင်းဌာနတခုဖြစ်​တဲ့ Development Media Group (DMG) ရုံးကိုသြဂုတ်လ ၁၅ ရက် မနက်က ဖောက်ထွင်းခံခဲ့ရပါတယ်​။ ရခိုင်​ပြည်​နယ်​၊ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ ပန်းခြံလမ်းရှိတဲ့ အိမ်အမှတ် ၁၅၃ မှာဖွင့်လှစ်ထားတဲ့ Development Media Group (DMG) ရုံးကို​ဖောင်​ထွင်းခံရတာ​ကြောင့် ရုံးမှာရှိတဲ့ကွန်​ပျူတာ​တွေ ကင်​မရာ၊ ဆိုင်​ကယ်​​တွေ ပါသွားတယ်​လို့ အဆိုပါ သတင်းဌာနရဲ့ အမှု​ဆောင်​ဒါရိုက်​တာ ဦး​အောင်​မင်းဦးက​ပြောပါတယ်​။ "ဒီက​နေ့အာရုံတက်​ချိန်​က ​ဖောက်​ထွင်းခံရတာပါ၊ ရုံးမှာအသုံးပြု​နေတဲ့ကွန်​ပျူတာ​တွေ၊ ကင်​မရာ​တွေ၊ ဆိုင်​ကယ်တွေပါသွားတယ်​။ အားလုံးစုစု​ပေါင်းသိန်း ၅၀​ ခန့်​ရှိမယ်​" လို့​ပြောပါ တယ်​။ အခိုးခံရတဲ့ပစ္စည်း​တွေက​တော့ Apple ကွန်ပျူတာ တစ်လုံး၊ Acer ကွန်ပျူတာ နှစ်​လုံး၊ Hp ကွန်ပျူတာ တစ်လုံး၊ iPad Tablet တစ်လုံး၊ Video Camera (Canon အမျိုးအစား) တစ်လုံးနဲ့ ဖုန်းတစ်လုံး (Touch - MPT ဖုန်းအမျိုးအစား)တို့အခိုးခံခဲ့ရတာဖြစ်​ပါတယ်​။ ဒါ့အပြင်​ Kenda Motorcycle ဆိုင်ကယ် အပြာ တစ်စီး၊ Kenda Motorcycle ဆိုင်ကယ် အနီတစ်စီးနဲ့ ကျောပိုးအိတ် နှစ်လုံးဖိနပ်​သုံးရံပါ အခိုးခံရတာထဲမှာပါဝင်​သွားပါတယ်​လို့ ဦး​အောင်​မင်းဦးက​ ပြောပါတယ်​။ "အရင်​ရုံးတုန်းကတခါ အခိုးခံရတယ်​။ အခုတခါက ဒီရုံးကို​ ပြောင်းလာတာ ၂​ လ ကျော်​​လောက်​ပဲ ရှိ​သေးတယ်​။ ပြီး​တော့ အခုရုံးမှာ တံခါး​တွေကလည်း လုံခြုံမှုရှိတယ်​ဗျ၊ အကုန်​ပိတ်​ထားတာ၊ ကျ​နော်​အထင်​​ပြောရင်​ အိမ်​ဝရံတာက​နေ​ကျော်​တက်​ပြီး​ အောက်​ထပ်​ကို ဝင်​ပြီး​တော့ခိုးသွားတာ။ အခုကရုံးမှာလုပ်​​နေတဲ့ ကွန်​ပျူတာ​တွေ ကင်​မရာ​တွေ ဘာမှ မကျန်​လိုက်​​တော့ဘူး"လို့​ပြောပါတယ်​။ အခုလို​ ဖောက်​ထွင်းခံရတာနဲ့ပတ်​သက်​လို့ စစ်​​တွေအမှတ်​ ၁ ရဲစခန်းကိုတိုင်​ကြားထားပြီး သက်​ဆိုင်​ရာ စရဖ၊ SPတို့လည်း အ​ကြောင်းကြားထားတယ်​လို့ အမှု​ဆောင်​ဒါရိုက်​တာ ဦး​အောင်​မင်းဦးက ​ပြောပါတယ်​။ ဒီလိုဖောက်​ထွင်းရတာဟာ လွန်​ခဲ့တဲ့ ၂၀၁၄ ခုနှစ်​တုန်းက တကြိမ်​​ဖောက်​ထွင်း ခံခဲ့ရတာရှိပြီး အဲ့ဒီတုန်းက ​ရေ မော်တာတလုံးအပါအဝင်​၊ ရုံးမှာရှိတဲ့ ပစ္စည်းအချို့ ခိုးယူတာခံခဲ့ ရသလို၂၁၀၅ ခုနှစ်​က Smart ဆိုင်​ကယ်​တစီးနဲ့ပစ္စည်းအချို့အခိုးခဲ့ရတယ်​လို့ အမှု​ဆောင်​ ဒါရိုက်​တာ ဦး​အောင်​မင်းဦးက ​ပြောပါတယ်​။ ရခိုင်​ပြည်​နယ်​စစ်​​တွေမှာ မကြာခဏဆိုသလို ဖုန်းဆိုင်​​တွေ ​နေအိမ်​​တွေ​ ဖောက်​ထွင်း ခံရတာရှိ​ပေမယ့် တရားခံ​တွေကို​တော့ ဖမ်းဆီးနိုင်​တာမရှိပါဘူး။ သတင်း - ၀ဏ္ဏခွာညို
5 years Ago
Up