ရခိုင်နှင့်ချင်း ရေကြီး မြေပြို ဖြစ်နိုင်ဟု မိုးဇလ သတိပေး

July 2, 2015

ရန်ကုန် ရေကြီး (ဓာတ်ပုံ)

ရန်ကုန်မြို့မှာ ယနေ့ မိုးရွာသွန်းပြီး ရေကြီးလျှေံ ဖြစ်ပေါ်နေစဉ်။    
6 years Ago

June 28, 2015

ရခိုင်ပြည်နယ်တွင် ရေဘေး ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်

ရခိုင်ပြည်နယ်အပါအ၀င် ပြည်နယ်တိုင်း ၆ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရတယ်လို့ မြ၀တီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ မုတ်သုံလေအား အင်မတန်ကောင်းပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်ကတော့ အဆိုးဆုံး ဖြစ်ပါတယ်။ ရေဘေးကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တို့မှာ ကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်ထားရပြီး ဒေသခံတွေ ခိုလှုံနေထိုင်နေကြရပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မှာ လူဦးရေ ၃၀၀ လောက်၊ဘူးသီးတောင်မြို့မှာ လူဦးရေ ၂၀၀ လောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေထိုင်နေကြရပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မှာတော့ လူဦးရေ ၃၀၀ လောက် ကယ်ဆယ်ထားရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်၊ ကျော်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်ကို ဒီဗွီဘီက ဇွန် ၂၈ ရက် မွန်းလွဲပိုင်း ဆက်သွယ်မေးမြန်းကြည့်တော့ ရေပြန်ကျသွားပြီး မိုးလည်းတိတ်နေပြီလို့ ပြောပါတယ်။ “ပီချောင်း၊ စပါးဆိပ်ဘက်မှာ ၂၅ ရက်က ရေကြီးရေ၀င်တော့ တပ်ကအဖွဲ့နဲ့ အစိုးရအဖွဲ့နဲ့ပေါင်းပြီးတော့ အိမ်ခြေ ၅၀ ကျော်လောက်ပေါ့။ တောင်ကုန်းပေါ် ရွှေ့ပြီးတော့ ဆန်၊ ဆီ၊ တာပေါ်လင်စ၊ ရေသန့် ပေးလှူတာ ရှိပါတယ်။ ဒါပေမယ့် ၂၇ ရက်နေ့မှာ ရေက လုံးဝ အောက်ကျသွားပြီ၊ ပုံမှန် ဖြစ်နေပြီ။” ဇွန် ၂၄ ရက်လောက်ကစပြီး မုတ်သုံလေအား ကောင်းနေရာက အားအလွန်ကောင်းလာပြီး မြန်မာပြည်တ၀န်း နေရာအနှံ့အပြား မိုးရွာသွန်းခဲ့တာကြောင့် ဒေသအလိုက် မိုးကြီးခဲ့ပြီး အခုလို ရေကြီးရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - မြ၀တီ
6 years Ago

ရေကြီးရေလျှံမှုကြောင့် သံတွဲမြို့ စာသင်ကျောင်းများပိတ်၊ လျှပ်စစ်မီးပြတ်တောက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ အဝေးပြေးကားလိုင်းတွေ၊ ရုံးတွေနဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားခဲ့ရပါတယ်။ သံတွဲဒေသခံ ဦးသိန်းဇံက “မီးပြတ်နေတာက ရေမကြီးခင် ၁ ရက်လောက်ကတည်းက ပျက်နေတာပါ။ သံတွဲမှာက ရေကြီးရင် ရေကြီးပြီးတာနဲ့ ရွှံ့တွေ၊ နုန်းတွေတင်ကျန်နေခဲ့တော့ ဈေးတွေ၊ ကျောင်းတွေရုံးတွေ အကုန်ပိတ် ထားရတယ်” လို့ ပြောပါတယ်။ ရေကြီးရေလျှံဖြစ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ ၃ ရက်ဆက်တိုက် ပြတ်တောက်ခဲ့သလို သံတွဲ-ရန်ကုန် အဝေးပြေးကားလိုင်း ခရီးစဉ်တွေလည်း ဖျက်သိမ်းထားပါတယ်။ သံတွဲမြို့၊ အောင်သစ္စာ အဝေးပြေးကားဂိတ်မှ ဦးမောင်မောင်က “ရေကြီးရေလျှံမှု တွေ ဖြစ်တဲ့အတွက် ကျနော်တို့ သံတွဲ-ရန်ကုန် အဝေးပြေးခရီးစဉ်တွေ ဖျက်ထားတာ သုံးရက်လောက်ရှိပြီ။ သံတွဲကနေ ၂၇ မိုင်အကွာ ပုစွန်ဖြေရွာနဲ့ ကြေးပင်ရွာကြားမှာ တံတားနှစ်စင်းပျက်နေတော့ သွားလို့မရဘူး။ မီးကလည်း ခုထိတမြို့လုံး ပျက်နေတုန်းပဲ” လို့ ပြောပါတယ်။ ရေကြီးရေလျှံဖြစ်မှုကြောင့် အသေအပျောက်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ပေမယ့် သံတွဲမြို့နယ်၊ ရဲတပ်ဖွဲ့ ရဲအုပ် ဦးအောင်နိုင်ကတော့ အခုချိန်ထိ အသေအပျောက်သတင်း မရသေးဘူးလို့ ပြောပါတယ်။ “သံတွဲမြို့နယ်အနေနဲ့ အသေအပျောက်တော့ ကျနော်တို့ ခုထိသတင်းမရသေးပါဘူး။ ပြီးခဲ့တဲ့ရက်တွေက ရေကြီးတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေအနေနဲ့ အမှတ် ၄ ရပ်ကွက်အ တွက် ဆံတော်တောင်ခြေစခန်း၊ အမှတ် ၆ ရပ်ကွက်အတွက် မဟာဗောဓိဘုန်းကြီးကျောင်းစခန်း၊ အမှတ် ၇ ရပ်ကွက်အတွက် မြို့တော်ဦး ဘုန်းကြီးကျောင်းစခန်းနဲ့ မြို့သစ်ရပ်ကွက်အတွက် အံ တော်ဘုန်းကြီးကျောင်းစခန်းတွေမှာ ယာယီရွှေ့ပြောင်းထားခဲ့ရတယ်။ ဒီနေ့ကတော့ ရေကျသွား ပါပြီ” လို့ပြောပါတယ်။ မိုးသည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းမှုကြောင့် ရခိုင်ရိုးမတောင်ကျချောင်းရေတွေ က မြို့ထဲကို စီးဝင်လို့ သံတွဲမြို့ဟာ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံလေ့ရှိပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၄ ရက် မိုးကြီးမယ့်သတိပေးချက် ထုတ်ပြန်ပြီးနောက် မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး ခုလို ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။ ဓာတ်ပုံ - ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ  
6 years Ago
More News
Up