ရခိုင်ပြည်နယ် မောင်တောတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတဦး ပစ်သတ်ခံရ

September 20, 2016

ရခိုင်ပြည်နယ် မောင်တောတွင် စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့မှာ  ကျပ် သန်းတစ်သောင်းလေးထောင်နီးပါးလောက်တန်ဖိုးရှိတဲ့  WY စိတ်ကြွဆေးပြား အရေအတွက် သိန်း ၇၀ လောက်ကို နေရာနှစ်ခုမှာ စက်တင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ဒီဗွီဘီကိုပြောပါတယ်။ မောင်တောမြို့အဝင် သုံးမိုင် အုတ်သဲကျောက်လုပ်ငန်းရဲ့ အုတ်ပုံထဲမှာ သိုဝှက်ထားတဲ့ WY စိတ်ကြွမူးယစ်ဆေးပြား ခြောက်ဆယ့်နှစ်သိန်းကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး မောင်တောမြို့ လသာရွာမှာ WY ဆေးပြား ခြောက်သိန်းရှစ်သောင်းကျော်ကို အဲ့ဒီအချိန်မှာပဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရှာဖွေတွေ့ရှိမှုနှစ်ခုရဲ့ ဆေးပြားအရေအတွက်ဟာ သိန်းခုနစ်ဆယ်နီးပါးရှိပြီး ဒေသတန်ဖိုးနဲ့ ကျပ်ငွေသန်းပေါင်း တစ်သောင်းလေးထောင်နီးပါးရှိပါတယ်။ မောင်တောမြို့ သုံးမိုင်က အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်း ခြံဝင်းထဲက အုတ်ပုံထဲမှာ အဝါရောင်ပီနံအိတ် ၂၇ လုံးနဲ့ သိုဝှက်ထားတာကိုဖမ်းမိခဲ့တဲ့ ကွင်းဆက်အနေနဲ့ နောက်ထပ် ဆေးပြား ခြောက်ဆယ့်နှစ်သိန်းကျော်ကို ရှာဖွေသိမ်းဆည်းရမိခဲ့တာလို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဉာဏ်ဝင်းဦးက ပြောပါတယ်။ အဲ့ဒီအမှုက အဓိက တရားခံဖြစ်သူ တိမ်းရှောင်ထွက်ပြေးနေတဲ့ မောင်တောမြို့မ အရှေ့ရပ်ကွက်နေ ညီချစ်ကို ဖမ်းဆီးရမိဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။ မောင်တောမြို့မှာ မူးယစ်ဆေးဝါး မကြာခဏဖမ်းဆီးရမိနေပြီး စက်တင်ဘာ ၁၉ ရက်နေ့ထိ ဖမ်းဆီးရမိတဲ့ ဆေးပြားအရေအတွက်ဟာ သိန်းရှစ်ဆယ်ကျော်၊ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော်ရှိပါတယ်။  
5 years Ago

May 26, 2016

ရခိုင်ပြည်နယ် မောင်တောတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတဦး ပစ်သတ်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ မောင်တောမြို့မြောက်ဘက် ၁၅ မိုင်လောက်အကွာ ဖားဝပ်ချောင်းဆိုတဲ့ ကျေးရွာမှာ မေလ  ၂၄ ရက် မနက်ပိုင်းက ရပ်ရွာအစည်းအဝေးကျင်းပစဉ် ရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဘီအာမက် ဆိုသူ အပစ်ခံခဲ့ရတာလို့  မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီမှ ဦးခင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်ကို မနေ့က အဲဒီရွာကလူတွေ ဖုန်းနဲ့ လှမ်းပြီး အကြောင်းကြားတယ်။ မနက် ၉ နာရီ လောက်မှာ သူတို့ရွာမှာ အစည်းအဝေး လုပ်နေတုန်း ဦးဘီအာမက်လည်း လာနားထောင်တယ်။ အဲဒီမှာ လူ ၂ ယောက်က ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်တဲ့။ ပွဲချင်းပြီး သေတယ်ပြောတယ်။ သူက အရင်ရွေးကောက်ပွဲမဖြစ်ခင်က အုပ်ချုပ်ရေးမှူးဟောင်းပေါ့၊ အခုက လာနားထောင်တာ၊ သေနတ်သမားတွေက အခု အဲဒီရွာက အုပ်ချုပ်ရေးမှူးအသစ် ဦးထွန်းထွန်းဝင်းကိုလည်း ခြိမ်းခြောက်တယ်လို့ ပြောတယ်။ ဦးဘီအာမက်ကလည်း ဘင်္ဂါလီ လူမျိုးဘဲ၊ ဆိုင်ကယ်နဲ့ ပစ်သွားတာလဲ ဘင်္ဂလီဘဲတဲ့။ ဘာကြောင့် ပစ်သလဲဆိုတာတော့ ကျနော်တို့လည်း စုံစမ်းနေတုန်းပါ။” ဖားဝပ်ချောင်းရွာဟာ နယ်ခြားစောင့်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့အတွက် နယ်ခြားစောင့်တပ်ကလည်း စုံစမ်းစစ်ဆေးလိမ့်မယ်လို့ သူက ပြောသွားပါတယ်။
6 years Ago
Up