ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကို ပြည်တွင်း ပြည်ပ

October 8, 2018

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ မောင်တောကို သွားရောက်

ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်းရေးကော်မတီရဲ့ အကြံပေးအဖွဲ့ အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို မြန်မာ့လေကြောင်းလိုင်းနဲ့ ဒီကနေ့ နေ့လယ်ပိုင်းက ရောက်ရှိလာပါတယ်။ ဒီခရီးစဉ်မှာ အကြံပေးအဖွဲ့ဝင် MR.Roelof Petrus Meyer နဲ့ Mr.Baptiste Marie Gaston Millet အပါအဝင် အဖွဲ့ဝင် ၅ ဦး လိုက်ပါလာပြီး စစ်တွေကနေ ရေချမ်းပြင်ကို မော်တော်ယာဉ်နဲ့သွားရောက်ကာ ရေချမ်းပြင်မှတဆင့် ဘူးသီးတောင်ကို စပိဘုတ်နဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ အဲ့ဒီကတဆင့် ဒီကနေ့ ညနေပိုင်းမှာတော မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင်တာဝန်ရှိ သူတွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ မောင်တောရှိ မွတ်ဆလင်တွေနဲ့  ရခိုင်အသိုက်အဝန်းက ခေါင်းဆောင်တချို့နဲ့တွေ့ဆုံမှာဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ၊ ဘာသာရေးအဖွဲ့အစည်း တွေက သီးသန့် တွေ့ဆုံမယ်လို့ သိရပါတယ်။ ဝဏ္ဏခွာညို
3 years Ago

December 15, 2017

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကို ပြည်တွင်း ပြည်ပ ပညာရှင် ၁၀ ဦးဖြင့် ဖွဲ့စည်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ကို ထိုင်း ဒုဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ်ဆာသီရာထိုင်း အပါအဝင် ပြည်တွင်း ပြည်ပက ပညာရှင် ၁၀ ဦးနဲ့ ဖွဲ့စည်းကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက  ဒီဇင်ဘာ ၁၄ ရက်က ကြေညာပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်တွေရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ မြေပြင်အခြေအနေအပေါ် မူတည်ပြီး အကျိုးရှိစွာ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေး လိုအပ်တဲ့ အကြံဉာဏ်တွေကို ရယူနိုင်ဖို့ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။ အကြံပေးအဖွဲ့မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အစိုးရလက်ထက်တုန်းက  ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ ဒေါက်တာဆူရာကီရတ် ဆာသီရာထိုင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး အဖွဲ့တွေအဖြစ် ဆွီဒင်ပါလီမန်အမတ် အာဘန်အာလင်း၊ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်ဟောင်းနဲ့ နယူးမက္ကစီကို အုပ်ချုပ်ရေးမှူးဟောင်း ဘေးလ်ရစ်ချတ်ဆန်၊  ပါမောက္ခ လော့ဒ်ဒါဇီအော့ဖ်ဒန်ဟမ်၊ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း ရိုးလ်အော့ပတ်ထရပ်စ်မေယာတို့ ပါဝင်ပါတယ်။ ပြည်တွင်းပညာရှင်တွေအဖြစ်တော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ အငြိမ်းစား ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် ဦးထွန်းမြတ်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အငြိမ်းစားသံအမတ်ကြီး ဦးလှမြင့်နဲ့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒေါက်တာဒေါ်ခင်ညိုတို့ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကို စက်တင်ဘာ ၁၂ရက်ကတည်းက ဖွဲ့စည်းထားတာဖြစ်ပြီး ခုအသစ်ဖွဲ့စည်းလိုက်တဲ့ အကြံပေးအဖွဲ့ကတော့  သတ်မှတ်ထားတဲ့ လုပ်ငန်းတာဝန်တွေနဲ့အညီ အကြံဉာဏ်တွေ ပေးနိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up