ရခိုင်တောင်သူများဆန္ဒပြ (သတင်းဓာတ်ပုံ)

May 5, 2017

တပ်သိမ်းလယ်ယာမြေများ ပြန်ပေးရန် ရခိုင်တောင်သူများဆန္ဒပြ (သတင်းဓာတ်ပုံ)

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာက တောင်သူတွေဟာ  စစ်တပ်က သိမ်းဆည်းသွားတဲ့ လယ်ယာမြေတွေ  ပြန်လည်ရရှိရေးအတွက်   ဒီကနေ့  ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပါဒလိတ်ကျေးရွာနတ်ကွင်းဧရိယာပြန်လည်ရှိရေး၊ ပါဒလိတ်ကျေးရွာနတ်ကွင်းဧရိယာအား ခြံစည်းရိုး ကာရံခြင်းကိုဖျက်သိမ်းပေးရေး၊ ဒေသခံပြည်သူများ၏ ရိုးရာယဉ်ကျေးမှုဓလေ့း အားလိုက်နာရေးစတဲ့ကြွေးကြော်သံတွေနဲ့အတူ ဆိုင်းဘုတ်ပိုစတာတွေကိုင်ဆောင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ သိမ်းဆည်းခံထားရတဲ့  နတ်ကွင်းဧရိယာဟာ ၀ ဒသမ ၆၆ ဧကလောက် အကျယ်ရှိ ၂၀၀၄ ခုနှစ်က ခလရ(၂၃၂)တပ်ရင်းက သိမ်းဆည်း ထားတာလို့ ဒေသခံတောင်သူတွေကပြောပါတယ်။ သတင်း - ဝဏ္ဏခွာညို
4 years Ago
Up