ရခိုင်နယ်ခြားစောင့်စခန်း

A d v e r t i s e m e n t With Us

October 10, 2016

ရခိုင်နယ်ခြားစောင့်စခန်းများ စီးနင်းတိုက်ခိုက်မှု ကြံ့ခိုင်ရေးပါတီ ကန့်ကွက်ရှုတ်ချ

ရခိုင်ပြည်နယ်တွင်း နယ်ခြားစောင့် ကင်းစခန်းတွေကို အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက  သဘောထား ကြေညာလိုက်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွင်းက နယ်ခြားစောင့် ကင်းစခန်းတွေကို အောက်တိုဘာ ၉ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံခဲ့ရလို့ ရဲဝန်ထမ်း ၉ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ စနစ်တကျစီစဉ်ပြီး အချိန်ကိုက် စီးနင်းတိုက်ခိုက်မှုမျိုး ဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်ကို အစောဆုံးဖော်ထုတ်ပြီး လိုအပ်သလို ဆောင်ရွက်ဖို့လည်း အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်လုံခြုံရေး အမျိုးသားရေးအမြင်တို့နဲ့ စောင့်ကြည့်နေမယ်လို့လည်း ကြံ့ခိုင်ရေးပါတီရဲ့  အောက်တိုဘာ ၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
4 years Ago

October 9, 2016

ရခိုင်နယ်ခြားစောင့်စခန်း တိုက်ခိုက်ခဲ့သည် အာအက်စ်အိုအဖွဲ့ဝင် ၅ ဦးသေ၊ ၁ ဦး အရှင်ဖမ်းမိ

  ရခိုင်ပြည်နယ် မောင်တောနယ်စပ်ခြားစောင့်စခန်း စီးနင်းတိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူ အာအက်စ်အိုအကြမ်းဖက်အဖွဲ့ဘက်က ၅ ယောက် သေပြီး ၁ ယောက်ကို အရှင်ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ “အခုက နယ်ဖြားစောင့်ဘက်က အကုန်လုံး ပေါင်းလိုက်ရင် ၁၀ ကျော် ကျတယ်။ ဟိုဘက်က ၅ ယောက် ကျတယ်။ ၁ ယောက် အရှင် ဖမ်းရတယ်။ အာအက်စ်အိုတွေပေါ့။ ပုံတွေကြည့်ရတာ ဒီဘက်က လူတွေ မဟုတ်ဘူး။ ပုံတွေက တကယ့် အာအက်စ်အို အစစ် ပုံတွေ။” မောင်တောတ၀ိုက်မှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားသွားလာလေ့ မရှိဘူးလို့လည်း သူ ပြောပါတယ်။ ပြည်နယ်အစိုးရက မောင်တောမြို့နယ်ထဲမှာ ဒီမနက်အစောပိုင်းက နယ်ခြားစောင့်တပ်စခန်း ၃ခု စီးနင်းတိုက်ခိုက်ခံရပြီး ဘယ်အဖွဲ့အစည်းက လုပ်သလည်းဆိုတာတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
4 years Ago
Up