ရခိုင်တမျိုးသားလုံးညီညွတ်ရေးကော်မတီ မြို့နယ်ပေါင်းစုံ အစည်းအဝေးကျင်းပ

April 28, 2019

ရခိုင်တမျိုးသားလုံးညီညွတ်ရေးကော်မတီ မြို့နယ်ပေါင်းစုံ အစည်းအဝေးကျင်းပ

ရခိုင်တမျိုးသားလုံးညီညွတ်ရေးကော်မတီ မြို့နယ်ပေါင်းစုံ အထွေထွေအစည်းဝေးကို ဧပြီ ၂၇ ရက်​ကနေ ၂၉ ရက်နေ့အထိ ရခိုင်​ပြည်​နယ်​ သံတွဲခရိုင်​ သံတွဲမြို့ရှိ သိမ်ကုန်းဘုန်းကြီးကျောင်းမှာ ပြုလုပ်နေပါတယ်။ ရခိုင်​တ​မျိုးသားလုံးကို ကိုယ်​စားပြုနိုင်​​သော အဖွဲ့အစည်းတခု ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ပြီး အခုလို အထွေထွေအစည်းအဝေး ကျင်းပတာလို့ ရခိုင်တမျိုးသားလုံး ညီညွတ်ရေကော်မတီ မြို့နယ်ပေါင်းစုံ အထွေထွေအစည်းအဝေး ဖြစ်​​မြောက်​​ရေး ကော်​မတီ ကိုသား​ကြီး​မောင်​က ပြောပါတယ်။ သက်​ဆိုင်​ရာ ပြည်​​ထောင်​စု​အဆင့် အကြီးအကဲတွေ၊ ကုလသမဂ္ဂ သံတမန် အဖွဲ့အစည်းတွေနဲ့ ရခိုင်အရေးကိစ္စတွေ ပြောဆိုတဲ့အခါမှာ ရခိုင်တမျိုးသားလုံးကိုယ်စား တသံတည်း ထွက်ဆိုနိုင်ဖို့အတွက် အဖွဲ့ ဖွဲ့စည်းသွားမှာလို့ ဆိုပါတယ်။ ဗညား
2 years Ago
Up