ရခိုင်စစ်ရှောင်ဒုက္ခသည်စခန်းအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်၊ သေဆုံးသူ ၂ ဦးရှိပြီ

December 23, 2018

ရခိုင်စစ်ရှောင်ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့များ တားမြစ်ခံရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သလူးချောင်းနဲ့ ငစိုင်းရိုင်းကိုင်းရွာတွေမှာ ရှိနေတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို သွားရောက်ကူညီတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို ဒီကနေ့ စစ်တပ်က သွားခွင့်မပေးဘဲ တားဆီးလိုက်ပါတယ်။ တောင်မင်းကုလားကျေးရွာ(မြို) ကျေးရွာ အထက်ပိုင်းမှာရှိကြတဲ့ ကျေးရွာတွေကို စစ်ရှောင်ဒုက္ခသည်တွေ သွားရောက်ကူညီခွင့်မပြုတာကြောင့် ပြန်လှည့်ရတယ်လို့ အနောက်တံခါး ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ သလူးချောင်းကျေးရွာမရောက်ခင် စစ်တပ်ကမသွားဖို့ တားမြစ်တာကြောင့် ပြန်လှည့်ရတယ်လို့ အနောက်တံခါးကူညီကယ်ဆယ်ရေးအဖွဲ့က ဒေါ်လှမြင့်က ပြောပါတယ်။ "ကျမတို့အဖွဲ့တွေကို စစ်တပ်က တားပါတယ်။ နှစ်ဖွဲ့လုံး တောင်မင်းကုလား (မြိုရွာ) အနားရှိနေကြတာ သလူချောင်းကျေးနဲ့ ငစိုင်းရိုင်းကျေးရွာတွေကိုသွားလို့မရဘူး။ လာလမ်းအတိုင်း ပြန်လှည့်လို့ တပ်ကပြောပါတယ်။ အထက်ကို မသွားရဘူးတဲ့။ အဲ့ဒါနဲ့ကျမတို့ ပြန်လှည့်ကြပါတယ်။ ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာအထက်ပိုင်တွေမှာရှိနေတဲ့ စစ်ဘေးရှောင် ကျေးရွာတွေ ဖြစ်ကြတဲ့ ငစိုင်းရိုင်ကျေးရွာ၊ ပညာဝကျေးရွာလေဗွီ ကျေးရွာတွေ သလူးချောင်ကျေးရွာကို ထွက်ပြေးလားကြတာပါ။” သလူးချောင်းကျေးရွာ စစ်ဘေးရှောင်လာတဲ့ ငစိုင်းရိုင်ကျေးရွာက လူဦးရေ ၄၀၀ ကျော်ရှိတယ်လို့ ဝံလက်ဖောင်ဒေရှင်းဒာရိုက် ကိုခိုင်ကောင်းစံ ဒီဗွီဘီကိုပြောပါတယ်။ စစ်တပ်ကတော့ တောင်မင်းကုလားရွာ မြိုရွာမှာလုံခြုံရေးချပေးထားပြီး တောင်မင်း ကုလားရွာ အထက်ပိုင်းတက်ခွင့်မပြုတာဟာ လုံခြုံရေးအခြေနေတွေကြောင့် ဖြစ်တယ်လို့ တာဝန်ကျ  စစ်တပ်အရာရှိတွေကပြောပါတယ်။ ကူညီကယ်ရေးပေးနေတဲ့အဖွဲ့တွေ အထက်ပိုင်းကျေးရွာမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို ကူညီခွင့်မရလို့ စိတ်မကောင်း ဖြစ်ရတယ်လို့ ကျောက်တော်မြို့နယ် လူငယ်ကယ်ဆယ်ရေးအဖွဲ့ လူငယ်တဦးက ပြောပါတယ်။ “တော်တော် စိတ်မကောင်းဖြစ်မိတယ်ဗျ။  ဒီလူတွေ ဘယ်လောက် ဒုက္ခရောက်နေမယ်ဆိုတာ ကိုယ်ချင်းစာဖို့လိုတယ်။ ကျေးရွာတွေမှာဆို အကုန် ရိက္ခာတွေ ပြတ်တောက်နေပြီ။ အဲ့ဒီကနေ ဆင်းလာလို့လည်း မရဘူး။ ဒီကသွားသွားပြီ ရိက္ခာတွေပေးလို့လည်း မရဘူး။ စိတ်မကောင်းဖြစ်ရတယ်။ မနေ့ ညနေကအထိ တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ထွက်ပြေးလာကြတာ တနေ့ထက်တနေ့များလာနေပါတယ်။ ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာမှာဆို ဒီကနေ့အချိန်အထိ စစ်ရှောင်ဒုက္ခသည် ၇၀၀ ကျော်ရောက်ရှိနေပြီး စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပါတယ်။ ဝဏ္ဏခွာညို  
3 years Ago

May 14, 2016

ရခိုင်စစ်ရှောင်ဒုက္ခသည်စခန်းအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်၊ သေဆုံးသူ ၂ ဦးရှိပြီ

ရခိုင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းအချို့မှာ ၀မ်းပျက်ဝမ်းလျှောရောဂါကြောင့် လူကြီး ၁ ဦးနဲ့ ကလေးငယ် ၁ ဦး သေဆုံးသွားပါတယ်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဖားကြွယ်ရွာ အထက်သင်ပုန်းတန်းရွာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ မေ ၁၃ ရက်နေ့က ဝမ်းလျှော့၊ ဝမ်းပျက်ရောဂါဖြစ်လို့ ကလေး ၁ ဦး သေဆုံးသွားတယ်လို့ သွားရောက်ကုသပေးနေတဲ့ ပြည်နယ်ကျန်းမာရေးဌာန ဒုပြည်နယ်မှူး ဒေါက်တာ အောင်သူရိန်က ပြောပါတယ်။ “အဲ့ဒီဒုက္ခသည်စခန်းမှာ ဝမ်းလျှော့ဝမ်းပျက်ရောဂါ ဖြစ်တယ်လို့ ကြားကြားချင်းပဲ ကျနော်တို့အဖွဲ့တွေ သွားကြတယ်၊ ၃ နာရီကျော်လောက်မှာ ဒုက္ခသည်စခန်းကို ရောက်သွားတယ်။ အဲ့ဒီမှာ ၁၃ နှစ် ကလးတယောက်ဆုံးသွားတယ်ပေါ့။ အဲ့ဒါကို အသေးစိတ်သိဖို့ မေးကြည့်တော့ သူ့ရဲ့မိသားဝင်တွေ တယောက်မှမရှိဘူးပေါ့လေ။ ဘာကြောင့် ဘယ်လိုဘာဖြစ်တယ်ဆိုတာကို အသိစိတ်မေးမြန်းခွင့်မရခဲ့ဘူး။ ပြောတာက ဝမ်းသွားတယ်၊ ဖျားတယ်ပေါ့လေ။ ဝမ်းသွားတဲ့သူက သုံးလေးယောက်ရှိတယ်။ အဲ့ဒီမှာဖြစ်နေတာကို ကျနော်တို့အဖွဲ့ ကုသပေးနေတယ်။ ၀မ်းပျက်ဝမ်းလျှောရောဂါ အများကြီး ပျံ့နှံ့ပြီး ဖြစ်နေတာတော့ ကျနော်တို့မတွေ့ရဘူးဘူး။” စခန်းအနီးက ခွေးသေရွာမှာလည်း ဝမ်းလျှောဝမ်းပျက် ဖြစ်ပွားလို့ အသက် ၅၀ အရွယ် အမျိုးသားတဦး သေဆုံးသွားပြီး ဖားကြွယ် ဒုက္ခသည်စခန်းမှာလည်း ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ အခုလို ၀မ်းပျက်ဝမ်းလျှောတွေ ဖြစ်ပွားနေတာဟာ သောက်သုံးရေပြတ်လပ်ပြီး မသန့်တဲ့ ရေတွေ သောက်သုံးတာကြောင့် ဖြစ်တာလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တခုဖြစ်တဲ့ ဝံ့လက်ဖောင်ဒေးရှင်းရဲ့ လူငယ်စာရေး ဆရာဝေဟင်အောင်က ပြောပါတယ်။ ''အဲ့ဒီဒုက္ခသည်စခန်းမှာ လူဦးရေ အဆမတန် များနေတယ်။ နေထိုင်ဖို့ နေရာက ကျပ်သိပ်နေတယ်။ ရေကအရမ်းရှားတော့ သောက်သုံးရေက လုံးဝကို မကောင်းဘူး။ သောက်သုံးရေ မကောင်းတော့ ကလေးတွေ တော်တော်များ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေကြတယ်။ ကလေးတွေ အားအင်းမရှိတော့ ပိုဆိုးတာပေါ့လေ။ ဆေးပေးဆေးခန်း တွေလည်းမရှိတော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား ဧပြီ ၁၆ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂၀၀၀ ကျော် ခိုလှုံနေကြရပါတယ်။ သတင်း၊ ဝဏ္ဏခွာညို၊
6 years Ago
Up