ရခိုင်စစ်ဘေးသင့်ပြည်သူများကို လှူဒါန်းရန် ပန်းချီပြပွဲ ခင်းကျင်းပြသ

A d v e r t i s e m e n t With Us

May 27, 2016

ရခိုင်စစ်ဘေးသင့်ပြည်သူများကို လှူဒါန်းရန် ပန်းချီပြပွဲ ခင်းကျင်းပြသ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်မှစစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့အတွက် TITLED & UNTITLED လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ ၃၁ လမ်းအောက်ဘလောက်ရှိ Cloud 31 Gallery မှာ မေလ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်း ပြသနေပါတယ်။ အဲ့ဒီပြပွဲမှာ ပန်းချီဆရာ ကိုမင်းသူရိန်က ကိုရဲလွင်ရဲ့ ပုံတူပန်းချီကားတွေကို ပြသသွားမှာဖြစ်ပြီး ပန်းချီဆရာ ကိုရည်နန်းသိုက်က မြင်တွေ့နေကျ ပန်းချီကားတွေလိုမဟုတ်ပဲ ဆေးစပ်ပြားပေါ်မှာ ဆေးပိုတွေခြစ်ကာ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ပြပွဲအမှတ်တရ အင်္ကျီလေးတွေကို တထည် ၅ ထောင်ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် ရောင်းချလို့ရတဲ့ ပိုက်ဆံကို ရခိုင်စစ်ဘေးသင့် ပြည်သူတွေကို လှူဒါန်းသွားမှဖြစ်ပါတယ်။ ပန်းချီကားရောင်းလို့ရတဲ့ ပိုက်ဆံကိုလဲ လှူ ဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - နွယ်လေး  
5 years Ago
Up