ရက်ရှ်ဖို့ဒ်

December 4, 2022

တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်ဟု မက်ဂွဲယားချီးကျူး

အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်ကြောင်း အသင်း ဖော် မက်ဂွဲယားက ချီးကျူးသွားပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေပြီး သွင်းဂိုး ၃ ဂိုး သွင်းယူထားပြီးပါပြီ။

မားကပ်ရှ်ရက်ရှ်ဖို့ဒ်ဟာ ထူးချွန်ပြီး ပါရမီရှိတဲ့ကစားသမားဖြစ် တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာနိုင်သလို ရက်ရှ်ဖို့ဒ် ကိုယ်တိုင်လည်း အဲဒီလို ဖြစ်လာဖို့ ကြိုးစားနေသူဖြစ်ကြောင်း မက်ဂွဲယားကချီးကျူးပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်ယူကလပ်အသင်းမှာတော့ အရင်ကလို ရက်ရှ်ဖို့ဒ် ပြန်မရခဲ့ပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာတော့  အကောင်းဆုံးပုံစံပြန်ရနေပြီဖြစ်တယ်လို့ မက်ဂွဲယားက ပြောပါတယ်။

ဆက်လက်ပြီး ကမ္ဘာ့ဖလားမှာ ဂိုးသွင်းအများဆုံးဆုသာရခဲ့မယ်ဆိုရင် ရက်ရှ်ဖို့ဒ်ရဲ့ အိပ်မက်တွေ ဖြစ်လာတာဖြစ်ပြီး အဲဒီဆုရရှိစေချင်ကြောင်းလည်း မက်ဂွဲယားကပြောသွားပါတယ်။

4 days Ago

August 12, 2022

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း ဆွေးနွေး

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုခေါ်ဖို့  အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးခဲ့ပါတယ်။

ပီအက်စ်ဂျီနည်းပြသစ် ခရစ္စတိုဖာဂယ်တီယာဟာ တိုက်စစ်မှူးတယောက် ခေါ်ယူဖို့ တောင်းဆိုထားပြီး မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ဦးစားပေးပစ်မှတ်ထားနေတာပါ။

ပီအက်စ်ဂျီ တာဝန်ရှိသူတွေဟာ  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရက်ရှ်ဖို့ဒ်ရဲ့ကိုယ်စားလှယ်တွေနဲ့ ပဲရစ်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နည်းပြပိုချက်တီနို တာဝန်ယူစဉ်ကတည်းက ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။

ရက်ရှ်ဖို့ဒ် ဘက်ကတော့ ပြင်သစ်ကလပ်ဆီကို ပြောင်းရွှေ့လိုစိတ်မရှိသေးဘဲ မန်ယူအသင်းမှာ ဆက်ကစားဖို့ကို ဦးစားပေးစီစဉ်ထားတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၄ နှစ်ရှိ အင်္ဂလန် တိုက်စစ်မှူးဟာ ယူနိုက်တက်နဲ့ တနှစ်သက်တမ်းသာ ကျန်ရှိတော့ပေမဲ့ နောက်ထပ်တနှစ် သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။

4 months Ago
More News
Up