ရက်ရွှေ့မည်

March 23, 2020

ပြိုင်ပွဲပုံစံ အပြည့်အဝမလုပ်နိုင်ပါက တိုကျိုအိုလံပစ် ရက်ရွှေ့မည်

အိုလံပစ်ပြိုင်ပွဲကို အပြည့်အစုံကျင်းပနိုင်တဲ့ အခြေအနေမရှိခဲ့ရင် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရက်ရွှေ့ဆိုင်းဖို့ ရှိကြောင်း ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက  မတ် ၂၃ ရက်မှာ ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ကလည်း  ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေစဉ် တိုကျို အိုလံပစ် ၂၀၂၀ ကျင်းပရေးနဲ့ ရက်ရွှေ့ဆိုင်းခြင်းကိစ္စတို့ကို အရေးပေါ်အစည်းအဝေးလုပ်ပြီး အစီအစဉ်တွေ ချမှတ်ပြင်ဆင်ခဲ့ပါတယ်။  အာဘေးကလည်း နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်လိုပဲ တိုကျိုအိုလံပစ်ကို ပြိုင်ပွဲပုံစံအပြည့်အဝနဲ့ ကျင်းပနိုင်တဲ့အခြေအနေမရှိရင် ပွဲကို ရက်ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ရမှာပဲလို့  ဆိုပါတယ်။ ရိုက်တာသတင်းအရ အာဘေးက ပြိုင်ပွဲမှာ ပါဝင်မယ့် အားကစားသမားတွေရဲ့ ကျန်းမာရေးဟာ အဓိကဖြစ်ပြီး ပြိုင်ပွဲကို လုံးဝမကျင်းပဘဲ ဖျက်သိမ်းတာတော့ မလုပ်ဘူးလို့ ဂျပန်ပါလီမန်မှာ ပြောခဲ့ပါတယ်။  ဘီဘီစီသတင်းတခုမှာတော့ လာမယ့်ဇူလိုင်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တိုကျိုအိုလံပစ်ကို  နောက်တလ ရွှေ့ဆိုင်းမလားဆိုတာတော့ ဝန်ကြီးချုပ်အာဘေးရော IOC ကပါ အပြီးသတ် ဆုံးဖြတ်ချက်မချရသေးဘူးလို့  ရေးသားပါတယ်။
2 years Ago
Up