ရက်ပ်အဆိုတေ

February 20, 2020

အမေရိကန်ရက်ပ်အဆိုတော် ပစ်သတ်ခံရ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ရက်ပ်အဆိုတော် "Pop Smoke" လို့ လူသိများ တဲ့ ဘတ်ရှား ဘာရာခါ ဂျွန်ဆန်ဟာ ဖေဖော်ဝါရီ ၁၉ရက် မနက်က ကာလီဖိုးနီးယားပြည်နယ် ဟောလိဝုဒ်ဟီးလ်အရပ်က အိမ်တလုံးထဲမှာ အသေပစ်သတ်ခံရပါတယ်။  "Pop Smoke" သေဆုံးကြောင်းကို သူ့ရဲ့အဖွဲ့ Republic Records က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ အတည်ပြုတင်ပြခဲ့ပါတယ်။  သူဟာ မနက် လေးနာရီခွဲလောက်မှာ အဲဒီအိမ်ထဲမှာရှိနေတုန်း မျက်နှာဖုံးတပ် သေနတ်သမား ၂ ယောက်က အိမ်ထဲ စီးနင်းဝင်ရောက်ပြီး သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။  "Pop Smoke" ကို စေဒါစ်စီနိုင်းဆေးကုသရေးဌာနဆီ သယ်သွားခဲ့ပေမယ့် အဲဒီဆေး ရုံမှာ သေဆုံးခဲ့တယ်လို့ ငွေကြယ်ပွင့်တွေရဲ့သတင်းတွေကို တင်ဆက်လေ့ရှိသူ TMZ ဝက်ဆိုဒ်က ဖော်ပြထားပါတယ်။ 
1 year Ago
Up