ရက်ပ်ဂီတပွဲ

August 23, 2019

အယ်လ်ဂျီးရီးယား ရက်ပ်ဂီတပွဲတွင် ပြေးလွှားရင်း လူအုပ်နင်းမိပြီး ၅ ဦးထက်မနည်း သေဆုံး

အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော်မှာ သြဂုတ် ၂၂ ရက် ညပိုင်းက ရက်ပ်ဂီတပွဲတခုမှာ အလုအယက် ပြေးလွှားကြရင်း လူအုပ်နင်းမိလို့ လူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးရုံဝန်ထမ်းတယောက်က ပြောပါတယ်။ ထောင်ချီတဲ့ပရိသတ်တွေ လာရောက်အားပေးကြတဲ့ အယ်လ်ဂျီးရီးယား ရက်ပ်စတား အက်ဘ်ဒူရာအိုဖ် ဒဲရာဂျီရဲ့ ဂီတပွဲမှာ အခုလို မတော်တဆ ဖြစ်ခဲ့တာပါ။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာ လူနင်းခံရသူ တယောက်ကို ပွဲကျင်းပတဲ့ အားကစားရုံ အပြင်ဘက်ကို သယ်ထုတ်လာတဲ့ ရုပ်သံဖိုင်ဟာ လူမှုမီဒီယာ စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေတွေကို ထုတ်ပြန်ထားတာ မရှိသေးပေမယ့် အာဏာပိုင်တွေက ဆက်လက်စုံစမ်း စစ်ဆေးနေကြပါတယ်။
Zawgyi Version အယ္လ္ဂ်ီးရီးယား ရက္ပ္ဂီတပြဲတြင္ ေျပးလႊားရင္း လူအုပ္နင္းမိၿပီး ၅ ဦးထက္မနည္း ေသဆုံး DVB အယ္လ္ဂ်ီးရီးယားႏိုင္ငံ ၿမိဳ႕ေတာ္မွာ ၾသဂုတ္ ၂၂ ရက္ ညပိုင္းက ရက္ပ္ဂီတပြဲတခုမွာ အလုအယက္ ေျပးလႊားၾကရင္း လူအုပ္နင္းမိလို႔ လူ ၅ ေယာက္ထက္မနည္း ေသဆုံးခဲ့တယ္လို႔ ေဆး႐ုံဝန္ထမ္းတေယာက္က ေျပာပါတယ္။ ေထာင္ခ်ီတဲ့ပရိသတ္ေတြ လာေရာက္အားေပးၾကတဲ့ အယ္လ္ဂ်ီးရီးယား ရက္ပ္စတား အက္ဘ္ဒူရာအိုဖ္ ဒဲရာဂ်ီရဲ႕ ဂီတပြဲမွာ အခုလို မေတာ္တဆ ျဖစ္ခဲ့တာပါ။ ေဆးဘက္ဆိုင္ရာ ဝန္ထမ္းေတြဟာ လူနင္းခံရသူ တေယာက္ကို ပြဲက်င္းပတဲ့ အားကစား႐ုံ အျပင္ဘက္ကို သယ္ထုတ္လာတဲ့ ႐ုပ္သံဖိုင္ဟာ လူမႈမီဒီယာ စာမ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ အေသးစိတ္အေျခအေနေတြကို ထုတ္ျပန္ထားတာ မရွိေသးေပမယ့္ အာဏာပိုင္ေတြက ဆက္လက္စုံစမ္း စစ္ေဆးေနၾကပါတယ္။
2 years Ago
Up