အမေရိကန်ပြည်သူတိုင်း နှာခေါင်းစည်း Mask တပ်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာ လျော့ကျမယ် ယုံကြည်တယ်လို့ ဂျိုးဘိုင်ဒင်က CNN သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် အစိုးရရုံးဌာနအားလုံးမှာ နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားမယ်လို့လည်း မစ္စတာ ဘိုင်ဒင်က ပြောပါတယ်။
သမ္မတရာထူးလက်ခံတဲ့ ပထမဆုံးနေ့မှာ အမေရိကန်ပြည်သူတွေကို ရက် ၁၀၀ နှာခေါင်း စည်းတပ်ဖို့ ညွှန်ကြားသွားမယ်လို့ CNN သတင်းဌာန တွေ့ဆုံမေးမြန်းခန်းမှာ ဘိုင်ဒင်က ပြောပါတယ်။
ကာကွယ်ဆေးထိုးတာနဲ့ နှာခေါင်းစည်းတပ်တာက ကိုဗစ်ကူးစက်မှု သိသိသာသာ လျော့ကျသွားမယ်ထင်တယ်လို့ ဘိုင်ဒင်က ပြောပါတယ်။
အမေရိကန်သမ္မတအနေနဲ့ ပြည်သူတွေကို နှာခေါင်းစည်း တပ်ခိုင်းဖို့ ဥပဒေအရ လုပ်ပိုင်ခွင့် မရှိဘူးလို့ ဖွဲ့စည်းပုံကျွမ်းကျင်သူတွေက ပြောဆိုပေမဲ့ ဘိုင်ဒင်ကတော့ သူနဲ့ ကမ်မလာဟဲရစ်တို့ ဟာ စံနမူနာအနေနဲ့ နှာခေါင်းစည်းတပ်ပြမယ်လို့ အင်တာဗျူးအတွင်း ပြောလိုက်ပါတယ်။
5 months Ago