ရက်ထပ်တိုး

June 28, 2020

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအမိန့် ဇူလိုင် ၁၅ ရက်အထိ ထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့တာကို ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် ဇွန်လကုန်အထိ သတ်မှတ်ထားတဲ့ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအမိန့်ကို ဇူလိုင် ၁၅ ရက်အထိ ထပ်တိုးလိုက်ပါတယ်။ ပြည်သူကို ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေ (ဖြေလျှော့ပေးထားတဲ့ ကိစ္စရပ်တွေမပါ) ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၅ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်လိုက်တယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။  အမိန့်ကြေညာချက်တွေထဲမှာ  ပြည်တွင်းကို နိုင်ငံခြားက ခရီးသည်တင်လေယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်တာ၊ လူစုလူဝေး မလုပ်ဖို့၊ ဘာသာရေးအခမ်းအနားတွေ မလုပ်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့ စတာတွေ ပါဝင်ပါတယ်။  မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ COVID-19 အတည်ပြုလူနာ ၂၉၆ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၇ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၁၆ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၀၂ ဦးကို သတ်မှတ် နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားပါတယ်။
11 months Ago
Up