ရက်ကွန်းဝက်ဝံ

December 14, 2020

သစ်ပင်ပေါ်က ရက်ကွန်းဝက်ဝံလေးကို ရုရှား မီးသတ်သမားများ ကယ်တင် (ရုပ်သံ)

မော်စကိုပန်းခြံတစ်ခုက သစ်ပင်တစ်ပင်ပေါ်မှာ တစ်ကောင်တည်းဖြစ်နေတဲ့ ရက်ကွန်း ဝက်ဝံလေးတစ်ကောင်ကို ရုရှားကယ်ဆယ်ရေးသမားတွေက ဒီဇင်ဘာ ၁၀ ရက်မှာ ကယ်ဆယ်ပေးခဲ့ရပါတယ်။ ဒီဝက်ဝံလေးဟာ သစ်ပင်ပေါ်မှာ ၃ ရက်နီးပါး ရှိနေခဲ့တာပါ။ မော်စကိုမီးသတ်တပ်ဖွဲ့ဟာ မီးဘေးဆိုင်ရာ ဖုန်းခေါ်ဆိုမှုတစ်ခုကနေ ပြန်လာခဲ့လမ်းမှာ လူပေါင်းများစွာက ရက်ကွန်းလေးရှိတဲ့ သစ်ပင်ပေါ်ကို စုဝေးကြည့်ရှုနေတာကို မြင်တွေ့ခဲ့ရတယ်လို့ အရေးပေါ်ဌာနက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒါကြောင့် ဒီရက်ကွန်းလေးကို လမ်းကြုံကယ်ဆယ်ပေးတာဖြစ်ပြီး ရက်ကွန်းလေးဟာ တော်တော်လေး ကြောက်ရွံ့နေတာကြောင့် ကယ်ဆယ်ရေးသမားတွေရဲ့ ကြိုးစားမှုကို ခုခံခြင်း မရှိခဲ့ဖူးလို့လည်း ဌာနရဲ့ ရေးသားချက်မှာ ပါဝင်ပါတယ်။ ရက်ကွန်းလေးဟာ ကယ်ဆယ်ရေးသမားတွေ ဆင်ပေးတဲ့ တုတ်ချောင်းရှည်ကနေတဆင့် အပင်အောက်ကို ဆင်းသက်လာခဲ့တာဖြစ်ပြီး မြေပြင်ရောက်တာနဲ့ တောတန်းဘက်ကို တဟုန်ထိုး ပြေးလွှားပျောက်ကွယ်သွားခဲ့ကာ ကယ်ဆယ်ရေးသမားတွေကို ကျေးဇူးတင်စကားတောင် မပြောသွားခဲ့ဖူးလို့လည်း ဌာနက အရွှန်းဖောက် ရေးသားထားပါတယ်။
1 year Ago
Up