ဇန်န၀ါရီ ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျအိုးပန်း အမျိုးသမီးတဦးချင်း ဆီမီးဖိုင်နယ်ပွဲမှာ ဆရီနာ ၀ီလျံစ်က ရက်ဝန်စကာကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။
ကမ္ဘာ့အဆင့် ၁ ဖြစ်တဲ့ ဆရီနာဟာ လက်ရှိချန်ပီယံဖြစ်ပြီး အခုပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေသူ ဖြစ်ပါတယ်။
ပထမပွဲမှာ အမေရိကန်သူ ဆရီနာက ကမ္ဘာ့အဆင့် ၄ ပိုလန်သူ ရက်ဝန်စကာကို အမှတ်ပြတ် ၆ - ၀ နဲ့ လက်စွမ်းပြ အနိုင်ယူသွားပါတယ်။
ရက်ဝန်စကာရဲ့ ပြင်းထန်တဲ့ စပေးဘောတွေကို ဆရီနာ အကောင်းဆုံးတုံ့ပြန် ကစားနိုင်ခဲ့ပါတယ်။
ဒုတိယပွဲမှာလည်း အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ ဆရီနာကပဲ ၆ - ၄ နဲ့ အနိုင်ယူပြီး သြစတြေးလျအိုးပန်း ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဗိုလ်လုပွဲမှာတော့ ဆရီနာဟာ ဂျာမနီက ကာဘာနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
7 years Ago